Wednesday, January 28, 2026

လားရှိုးမြို့နယ်မှာ ၄၁ တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

လားရှိုးမြို့နယ်တွင် ယနေ့ ( နိုဝင်ဘာလ ၄) ရက် နံနက်ပိုင်း ၇ နာရီခန့်တွင် စစ်ကောင်စီ ၄၁ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်ဟုန်းအုပ်စု ဟွေလော့ကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် လားရှိုးမြို့နယ် မြို့တွင်း နှင့် မြို့ ပတ်ပတ်လည် တွင် တည်ရှိသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို နေ့ည မရွေး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အရပ်သားများနေထိုင်ရာ ကျေးရွာများ နေအိမ်များကို ထိခိုက်ခဲ့သည်။

“မနက်က လက်နက်ကြီးထိလို့ အမျိုးသမီးတစ်ယောက် ဆုံးသွားတာ ဟုတ်တယ်။ ဆေးရုံပို့နေတုန်း မန်အိုင်ရွာမှာ ဆုံးသွားတာပါ” ဟု အထက်မန်အိုင်ကျေးရွာ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် အခြေချ လှုပ်ရှားနေသည့် စစ်ကောင်စီ၏ ၄၁တပ် က အထက်မန်အိုင်ကျေးရွာ ကနေ လှမ်းပစ်လိုက်ပြီး ပန်ဟုန်းကျေးရွာအုပ်စု ဟွေလော့ကျေးရွာရှိ နေအိမ်ပေါ်ကျကာ အသက် ၃၈ နှစ်အရွယ် ရှိ အမျိုးသမီးကို ထိမှန်ခဲ့ပြီး၊ လားရှိုးဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသွားကြောင်း အထက်မန်အိုင်ကျေးရွာ ဒေသခံက ပြောသည်။

“မနက်က လက်နက်ကြီးကျခဲ့တဲ့ ရွာက အထက်မန်အိုင်ရွာကနေတောင် နာရီဝက် တနာရီခန့် ထပ်သွားရမှာ ဖြစ်ပြီး လမ်းခရီး မလုံခြုံတာ၊ လမ်းဆိုးတာကြောင့် ဆက်သွယ်လာရင်တောင် ဘယ်လိုမှ သွားခေါ်လို့မရနိုင်ပါဘူး” ဟု လူမှုကူညီရေးအသင်း တစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် “၁၀၂၇ Operation” စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင်လည်း အထက်မန်အိုင်ရွာ နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုသည် (၂၀) ဦး အထက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော် ထိရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...