သိန္နီမြို့နယ် စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့နယ် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်သည့်နေအိမ်

ယနေ့ (အောက်တိုဘာလ ၇) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင် သိန္နီမြို့နယ်၊ ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျကွဲပြီး ကျောင်းနံရံ၊ သွပ်မိုးများက ထိခိုက်ပျက်စီး ရကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးက ကိုရင်လေးတွေ အိပ်တဲ့ အဆောင်နဲ့ ဆွမ်းစားဆောင်ကို ထိမှန်တာ၊ ကိုရင်တွေကို မထိလို့ တော်သေးတယ်။ သွပ်မိုးတွေ၊ အုတ်နံရံတွေကတော့ ပျက်စီးကုန်တာ။ အခုဆိုရင် ကိုရင်နဲ့ ဦးဇင်းတွေကို ဟိုမိန်း ဘုန်းကြီးကျောင်းမှာ ခေတ္တပြောင်းရွှေ့ထားရတယ်” ဟု လုံခြုံရေး အရ အမည်ဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်နက်ကြီးသည် ကွန်ကောက်ကျေးရွာအုပ်စုရှိ၊ နားကုန်းကျေးရွာ (ဝၢၼ်ႈႁူဝ် တၢင်းသိုဝ်ႈ) ဒေသခံ၏ ခြံဝင်းထဲ့သို့ နောက်ထပ် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ကျ ဆုံးမှုများကို မသိရသေးကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

လက်နက်ကြီးထိမှန်သည့်နေအိမ်

ယနေ့ ဖြစ်ပွားသည့် စစ်ကောင်စီနှင့် KIA တပ်တို့၏ တိုက်ပွဲတွင် ကွန်ကောက်ကျေးရွာ အတွင်း တပ်စွဲ နေရာယူ ထားသည့် KIA တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်နားကျေးရွာ (ဝၢၼ်ႈပၢင်ၼႃး) စာသင်ကျောင်းအနီး ရှိနေသည့် စစ်ကောင်စီ တပ်သား ၃ ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးကြောင်းလည်း သိန္နီမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားသူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ပစ်ခတ်မှုမှာ လက်နက်ကြီးနဲ့ ပစ်ကြတာ ပိုများတယ်။ KIA လက်နက်ကြီးကြောင့် စစ်ကောင်တပ်သား ၃ ဦး ထိပြီး ဒဏ်ရာတော်တော်ပြင်းတယ်လို့ သိရတယ်၊ သူတို့ စစ်ကားနဲ့ ဆေးရုံပို့ဖို့ သယ်သွားတဲ့အချိန် တစ်ဦးက ပန်လော့တိုးဂိတ်အရောက်မှာ သေသွားတယ်” ဟု သိန္နီမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယင်းကဲ့သို့ စစ်ရေး တင်းမာမှုကြောင့် ကွန်ကောက်ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်သည် ဟိုမိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်ရောက်ရှိရာ ကလေးငယ် ၃၀ ကျော် ရှိပြီး၊ ဖိုင်ခမ်းဘုန်းကြီးကျောင်းတွင်လည်း စစ်ရှောင် ၃၀၀ ကျော် ရောက်နေကြောင်း သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ ၁၂ နာရီခွဲ အထိ တင်းလုံးကျေးရွာ (ဝၢၼ်ႈတိုင်းလုမ်း) ၌ နေရာယူထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ၆ လုံးပစ်ခတ်ရာ တစ်လုံးက ကွန်ကောက်ကျေးရွာရှိ နေအိမ်ဝန်းထဲ ကျကွဲပြီး မီးဖိုဆောင် နှင့် ဘုရားစင်များပျက်စီးရကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ထိမှန်ခဲ့ရသည့်ဆိုင်ကယ်

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ KIA တပ်ဖွဲ့သည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်း အနီး စခန်းချ နေရာယူပြီး ကွန်လုံဘက်သွားသည့် ကုန်တင်ကားများထံမှ ဘီးလိမ့်ခွန် တစ်နှစ်စာကို ၁၀ သိန်းထက်မနည်း ဆက်ကြေးကောက်နေသည့် အတွက် ဒေသခံများ၊ လမ်းသွားလမ်းလာများအတွက် အခက်အခဲ ရှိနေရကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၅ ရက် မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်တွင်လည်း သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုရှိ နမ့်တူချောင်းဘေး နယ်ကျွံရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ဆုတ်ခွာခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...