လားရှိုးမြို့နယ် နေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲ ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( နိုဝင်ဘာလ ၅ ရက် ) ညပိုင်း ၈ နာရီဝန်းကျင် လားရှိုးမြို့အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် ကုန်းသာကျေးရွာ နှင့် ပန်စုံရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး နေအိမ်တစ်လုံးထိခိုက် ပျက်စီးသွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo- Credit ( လက်နက်ကြီးကျရောက် ပေါက်ကွဲသည့် နေအိမ်)

“ မနေ့က လက်နက်သံ ကြားကြားချင်း အဲ့အိမ်ပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်သွားလို့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး။ သူထွက်ပြေးသွားတာ မကြာလိုက်ဘူး၊ သူ့တို့ အိမ်အနားမှာ လက်နက်ကြီး ကျတာပဲ။ ပျက်စီးသွားတာတော့ အိမ်ခေါင်မိုး တချို့ရယ်၊ မီးဖိုချောင်နဲ့ တဲတွေ ပျက်သွားတယ်။ ပန်စုံရွာမှာလည်း လက်နက်ကြီး တစ်လုံးကျတယ်။ ထိခိုက် ပျက်စီးမှုတော့မရှိဘူး“ ဟု ၎င်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးသည် လားရှိုးမြို့ဘက်မှ ထွက်ပေါ်လာသဖြင့် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ( နိုဝင်ဘာလ ၄ ရက် ) တွင်လည်း လားရှိုးမြို့နယ် စစ်ကောင်စီ ၄၁ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်ဟုန်းအုပ်စု ဟွေလော့ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

အောက်တိုဘာလ ၂၇ ရက်မှစ၍ “၁၀၂၇ စစ်ဆင်ရေး “ ခေါင်းစဉ်ဖြင့် စတင်လာသည့် ရက်သတ္တပတ် ၁ ပတ်ကျော်ကာလအတွင်း တိုက်ပွဲကြား လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၁၇ ဦးထိ သေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...