ကျောက်မဲမြို့ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါး နှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ လွယ်ခေါ်ကျေးရွာ အမျိုးသမီး ကျည်ထိမှန်

ယနေ့ (နိုဝင်ဘာ ၂၇)ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟုတ်တယ် အမျိုးသမီး တစ်ဦး ကျည်စမှန်တာဟုတ်ပါတယ်။ ကျနော်တို့အသင်းကို ဆက်သွယ်တယ် ဒီနေ့ (နိုဝင်ဘာ ၂၇)ရက် မနက်မှာ ဆက်သွယ်လာလို့ သွားခေါ်လာတာပါ။ အခုကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှာပါ” ဟုနမ့်ခုံးပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကျည်စထိမှန်သည့် အမျိုးသမီးသည် အသက် ၂၉နှစ်အရွယ်ရှိ နန်းမွမ်းဆိုင် ဖြစ်သည်။

အလားတူ ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက် ည ၁၁နာရီဝန်းကျင်တွင်လည်း ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်း တစ်ပါး လက်နက်ကြီးကျည်စ ထိမှန် ကာ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နမ့်ခုံးပရဟိတ အသင်းမှ တာဝန်ရှိသူ က ဆက်ပြောသည်။

“မနေ့က ည ၁၁နာရီအချိန်မှာ ဦးဇင်းက ကျိန်းနေတာ၊ အဲ့မှာ လက်နက်ကြီးက ကျောင်းဆောင်ကို လာထိတော့ ဦးဇင်းကို ကျည်စမှန်သွားတာ၊ လက်နဲ့ခြေထောက်ကို ထိသွားတယ်။ ၃နေရာလောက်ထိတယ်” ဟု သွားရောက်ကူညီခဲ့သည့် သူက ဆိုသည်။

ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး၊ အရပ်သားနေအိမ်ထိမှန်မှု ပြည်သူကို ကျည်စထိမှန်လာသည့်အနေအထားထိရောက်လာသည်။

ထို့ပြင် ပြည်သူများက တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

“သူတို့ (စကစ) က သတင်းရတဲ့ဘက်ကိုလက်နက်ကြီးနဲ့ ပစ်ပြီးတော့ သျှမ်းရွာတွေထဲ ပဲလက်နက်ကြီးကျတာလေ။ စစ်ပွဲတကယ်ဖြစ်နေလို့ ပစ်ရင် လည်းတမျိုး။ လက်နက်ကြီးက ပြည်သူတွေပေါ်ပဲကျတော့ စိုးရိမ်ရတာ ပေါ့ ပြည်သူတို့ပဲ ဒုက္ခတွေ ရောက်ပြီး ပြည်သူတွေပဲပြေးရတာလေ။ အိမ်တွေလည်း ပျက်စီးရတယ်။ ဒီလိုတွေတော့ မဖြစ်စေချင်ဘူး” ဟု ကျောက်မဲဒေသခံ အသက် ၄၀ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျောက်မဲမြို့နယ်အတွင်း လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့်နေရာဖြစ်ပြီး၊ စစ်ရေး မကြာခဏ ဖြစ်ပွားသည့် ဒေသတစ်ခုလည်းဖြစ်ကာ မြေမြုပ်မိုင်းများ မကြာခဏ နင်းမိခြင်း လက်နက်ကြီးထိမှန်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကြောင့် အသက်သေဆုံးမှုများရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...