ရေကြီးမှု

တောင်ကြီးတွင် ရေကြီးမှုများစတင်ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှုအခက်အခဲများကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိဖြစ်ပေါ်နေကြောင်း...

ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံများ ရေအသုံးပြုရန်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်း ရေကိုအဓိကအသုံးပြုကြသည်။ လက်ရှိ ထိုရေထွက်အပေါ်တွင် ရွှေတူးဖော်မှု နှင့်အဆိပ်ပါသော ဓာတုပစ္စည်းများကိုအသုံးပြုမှုကြောင့် မိုင်းယောင်းမြို့အတွင်း အသုံးပြုသောရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေကြောင်း ဒေသခံများကပြောကြားသည်။ လက်ရှိ မိုင်းယောင်းမြို့နယ် အတွင်းတွင် ရေတွေ ညစ်နောက်နေပြီး...

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း ၁၀ နာရီအထိ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်နှင့် မယ်ဆိုင်မြို့ပေါ်ရှိ ရပ်ကွက် အချို့တွင် ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ...

ပုံးအင်းတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်

သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက...

ကလောမြို့နယ် မြေပြိုပြီး ရွှံ့နွံလွှမ်းခဲ့ ရွာများ ပြန်လည်မထူထောင် နိုင်သေး

သျှမ်းပြည် ကလောမြို့နယ်တွင် မြေပြိုမှုဒဏ်ကြောင့် ရွှံ့နွံလွှမ်းခဲ့သော ရွာများ ပြန်လည် မထူထောင် နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ ဒုတိယပတ်တွင် မိုးသည်ထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ကလောမြို့နယ် လွန်းထိုး ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့သည်...

အင်းလေးကန်ရှိ ကျေးရွာအချို့တွင် ရေကြီးပြီး ကျန်ခဲ့သည့်နှုံးမြေများကြောင့် စက်လှေများသွားလို့မရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူပါလာသော နှုံးမြေများကြောင့် အချို့ကျေးရွာများတွင် စက်လှေများပင်မောင်းလို့ မရတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရသည်။ လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေကြီးမှုနှင့် အတူပါလာသော နှုံးမြေများကြောင့် ရွာမကျေးရွာနှင့် အင်းတိန်ကျေးရွာများတွင် စက်လှေများ...

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ

ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက်...

အင်းလေးဒေသပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲအင်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီမုန်တိုင်းကြောင့် သျှမ်းပြည်တောင်ပိုင်း ရှိမြို့နယ်အများအပြားရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ အနောက်ဘက်ရှိ ကျွန်းကြီးအုပ်စု၊ မင်းချောင်းအုပ်စု၊တုံးလည်တောင်ပို့ကြီး နှင့် အင်းတိန်အုပ်စု တို့သည်ရေကြီမှုဒဏ်ကြောင့် စိုက်ခင်းများပါပျက်စီးသွားကာ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရန် ခက်ခဲနေသေးကြောင်း...

သျှမ်းပြည် မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင် 

သျှမ်းပြည်တွင် သဘာဝဘေးကဲ့သို့ မိုးသည်းထန်စွာတွန်း၍ ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် စုစုစံက  ယနေ့  နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  လာမည့် နိုဝင်ဘာလ ၆ ရက် မှ ၈ ရက်ထိ လွိုင်လင်ခရိုင် ၊ တောင်ကြီးခရိုင် ၊ ကလောခရိုင် ၊ ပင်လောင်း ပအိုဝ်းဒေသ ၊ လင်းခေးခရိုင် နှင့် မိုင်းပန်ခရိုင် တို့တွင်...

အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး 

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။  နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့်...

Latest news