Wednesday, December 4, 2024

အင်းလေးဒေသပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲအင်

Must read

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီမုန်တိုင်းကြောင့် သျှမ်းပြည်တောင်ပိုင်း ရှိမြို့နယ်အများအပြားရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။

ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ အနောက်ဘက်ရှိ ကျွန်းကြီးအုပ်စု၊ မင်းချောင်းအုပ်စု၊တုံးလည်တောင်ပို့ကြီး နှင့် အင်းတိန်အုပ်စု တို့သည်ရေကြီမှုဒဏ်ကြောင့် စိုက်ခင်းများပါပျက်စီးသွားကာ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရန် ခက်ခဲနေသေးကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသ နေအိမ်ရေမြှုပ်

“ကျနော်အိမ် ရေမြုပ်သွားတာ ကိုယ်အိမ်ကို ပြန်နေရတာနှစ်ရက်လောက်ပဲရှိသေးတယ်။ပစ္စည်းတွေကလည်း တော်တော်ဆုံးရှုံးမှုများတယ်။ပြန်လည်ထူထောင်ရေးတွေလည်း တော်တော်လုပ်ယူရမှာ။ရေပေါ်ရွာက တော်တော်များများ အကူညီတွေလိုနေကြတာ။အလှူရှင်တွေလည်း သိပ်မရောက်တာဘူး ဒီအနောက်ဖက်ကမ်းကို”ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက‌ ပြောသည်။

ထိုပြင် ရေကြီးမှုကြောင့် အဓိက အလုပ်အကိုင်နေသည့် ခရမ်းချဉ်သီးခြံများလည်း
ပျက်စီးသွားသဖြင့် နောက်ရာသီများအတွက် စိုက်ပျိုးရန်ခက်ခဲ့နေပြီးကြကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ရွာက စိုက်ခင်းတွေက ရေမြုပ်နေတုန်းပဲ။လာမယ့် မြေပဲရာသီ မှာလည်း မစိုက်နိုင်ကြတော့ဘူး။ တောင်သူတွေရဲ့ ခရမ်းချဉ်သီးခြံ တွေပျက် ကုန်တယ်။စားဝတ်နေရေးတော့ တော်တော်ရုန်းကန်ရ အုန်းမယ်။ဘာလိုဆက်လုပ်ရမလဲတောင် မပြောတက်ဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်( နိုဝင်ဘာလ ၂ ရက်) တွင် အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့် ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article