သျှမ်းပြည် မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင် 

သျှမ်းပြည်တွင် သဘာဝဘေးကဲ့သို့ မိုးသည်းထန်စွာတွန်း၍ ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် စုစုစံက  ယနေ့  နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

လာမည့် နိုဝင်ဘာလ ၆ ရက် မှ ၈ ရက်ထိ လွိုင်လင်ခရိုင် ၊ တောင်ကြီးခရိုင် ၊ ကလောခရိုင် ၊ ပင်လောင်း ပအိုဝ်းဒေသ ၊ လင်းခေးခရိုင် နှင့် မိုင်းပန်ခရိုင် တို့တွင် မိုးသည်းထန် စွားရွာသွန်း၍ ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း စုစုစံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။ 

ထို့ကြောင့် လွန်ခဲ့သည့်လပိုင်းတွင် ရေကြီးမှုကြုံခဲ့ရသည့် လင်းခေးမြို့ ပြည်သူများသည့် ရေကြီးမှုထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း  အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကျနော်တို့က ဒီနှစ်ရေကြီးတာ အကြိမ်ကြိမ်ခံခဲ့ရပြီ ဆိုတော့- စုစုစံ ကိုအမြဲစောင့်ကြည့်နေရတယ်။ သူတင်တာ ၉၀ ရာခိုင်နှုန်းမှန်တယ်။အခုလည်း ရေထပ်ကြီးမယ်လို့သူတင်ထားတာတွေ့တော့ ကျနော်တို့ ချောင်းဘေးနေတဲ့ သူတွေ အနိမ့်ပိုင်းနေတဲ့သူတွေ အရမ်းလှန့်နေကြတယ်။အစားအသောက်အခြောက်အခြမ်း တွေတော့ဝယ် ထားတယ် အရေးကြီးပစ္စည်းတွေအမြင့်ပိုင်းကို ရွှေ့ထားတယ်။အဲလိုပြင်ဆင်ထားတာတော့ရှိတယ်။” အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပြေသည်။ 

ကလော ရေကြီးမှု

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း သျှမ်းပြည် တောင်ပိုင်း နှင့်  ရှေ့ပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြုံ့တွေ့ခဲ့ရသည်။ 

မြေပြိုမှုကြောင့် အဆောက်အဦးများ၊ လမ်း၊ တံတား နှင့် လယ်ယာ၊ စိုက်ခင်းများစွား ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရပြီး၊ အချို့နေရာဒေသများ တွင်  ရွာလုံကျွတ်နီးပါ မြေပြို၍ ရွံ့နွံလွှမ်းသွားခြင်းကြောင်း လက်ရှိအချိန်ထိဒေသခံများ ပြန်လည်ထူထောင်၍ နေထိုင်ရန် ခက်ခဲနေကြာကြောင်း သိရသည်။ 

မိုင်းပေါက် ရေကြီးမှု

နိုဝင်ဘာလ ၆ ရက်မှစ၍ ကချင်ပြည်နယ်တစ်ခုမှလွဲ၍ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၄ ရက်မှာ အထူးမိုးလေဝသ သတိပေးချက်ထုတ်ပြန်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...