အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး 

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့် ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ 


“ရေကကျခါစပဲရှိသေးတာ၊ တချို့ တထပ်အိမ်လေးတွေဆိုပြန်တောင်မပေါ်သေးဘူး၊ ခုက နှစ်ထပ်အိမ်တွေ ခေါင်မိုးလှန်ကုန်တာရယ်၊ တချို့အိမ်လေးတွေ ပြိုသွားတာတွေရှိတယ်” ဟု ၎င်းကပြောသည်။ 

ဒေသခံအများစု၏ နေအိမ်များမှာ ရေမြုပ်ထားမှုများကြောင့် ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ယခုကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများပိုမိုဆိုးဝါးခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။ 

အင်းလေး လေပြင်းတိုက် ပျက်စီးသွားသည့်အဆောက်အဉီး

“ ခုပျက်စီးသွားတဲ့ နေအိမ်တွေမှာက သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေနေနေတော့ အကူအညီတွေ အများကြီးလိုတယ်၊ ခုက သွပ်တွေ ပစ္စည်းတွေက အသစ်မဝယ်နိုင်တော့ အဟောင်းတွေနဲ့ပဲ ပြန်သုံးပြီးမိုးနေကြရတယ်” ဟု ကနုကျေးရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။


လက်ရှိလေဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးသွားသော ကံလှကျေးရွာသို့ ညောင်ရွှေမှ တဆင့် ခေါင်တိုင်ကျေးရွာသွားလမ်းအနီးတွင် သွားရောက်လှူဒါန်းပေးနိုင်ကြောင်းကိုလည်း ဒေသခံများထံမှတဆင့် သိရသည်။ 

ထို့အပြင် အင်းလေးကန်အတွင်းရှိ ရှေးဟောင်းဘုန်းကြီးများ၊ ရှေးဟောင်းစေတီပုထိုးများမှာလည်း ရေကြီး ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီး အင်းလေးဒေသခံအများစုလည်း ရေဘေး နောက်ဆက်တွဲ အခြေအနေများကြောင့် ပြန်လည်ထူထောင်နိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။

အင်းလေး လေပြင်းတိုက် ပျက်စီးသွားသည့်အဆောက်အဉီး

စက်တင်ဘာလအတွင်းတိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီကြောင့် သျှမ်းပြည်တောင်ပိုင်းမြို့နယ်အများအပြားနှင့် အင်းလေးဒေသတွင်ရေကြီးမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး ယခုလ နိုင်ဝင်ဘာ ၂ ရက်ညနေအချိန်တွင် လေပြင်းပြန်လည်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အတွင်း ညောင်ရွှေ၊ အင်းလေးဒေသများတွင် မိုးများ ပြန်လည် ရွာသွန်းနိုင်ကြောင်း မိုးလေဝဒလေ့လာသူများထံမှသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...