Tuesday, January 27, 2026

ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံများ ရေအသုံးပြုရန်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယောင်းမြို့ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်း ရေကိုအဓိကအသုံးပြုကြသည်။

လက်ရှိ ထိုရေထွက်အပေါ်တွင် ရွှေတူးဖော်မှု နှင့်အဆိပ်ပါသော ဓာတုပစ္စည်းများကိုအသုံးပြုမှုကြောင့် မိုင်းယောင်းမြို့အတွင်း အသုံးပြုသောရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေကြောင်း ဒေသခံများကပြောကြားသည်။

လက်ရှိ မိုင်းယောင်းမြို့နယ် အတွင်းတွင် ရေတွေ ညစ်နောက်နေပြီး ရေချိုးခြင်း ၊ အိုးပန်ကန်ဆေးခြင်း လည်း မပြုလုပ်နိုင်တော့ပေ

“ အပေါ်မှာသူများက ရွှေတူးကြတာ။ ရွှေတူးတော့ရေတွေကအရမ်းကိုနောက်နေတယ်။ အခုက အသုံးပြုလို့လည်းမရဘူး။ သူတို့ဒီလိုလုပ်လို့ ငါးတွေ ၊ ခရုတွေ ၊ ဂဏန်းတွေလည်းအကုန်သေတယ်။ ဘာမှမရှိတော့ဘူး။ မိုင်းယောင်းမှာအသုံးပြုတဲ့ရေချောင်းကတော့ ၄ ခု ရှိတယ်။ ဒါမဲ့သူတို့ရွှေတူးတဲ့နေရာက ရေထွက်မှာ သွားတူးတော့ ချောင်းရေတွေအားလုံးကညစ်ညမ်းပြီနောက်ကုန်တာ။ သုံးလို့မရတော့ဘူး။ စိုက်ပျိုးလို့လည်းမရတော့ဘူး။ ကျမတို့လည်း ရေသုံးလို့မရတော့ဘူး”  ဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရေများ ညစ်ညမ်းလာခြင်းကြောင့် သောက်သုံးရေအတွက်လည်းခက်ခဲလာကြောင်းသိရသည်။

ရွှေတူးဖော်ကြောင့် ရေညစ်ညမ်းမှုတွေ့ရပုံ

ထိုအပြင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် သောက်သုံးရေသန့် ၁ လီတာဗူးကို ကျပ်ငွေ ၂၀၀၀ ထောင်ဈေးမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရွှေတူးဖော်မှုကြောင့် မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ဒေသခံများသည် ရေအသုံးပြုရန် မရသည့်အတွက်ကြောင့် မြို့ပေါ်သို့ ပြောင်းရွှေ့နေကြောင်း ၎င်း အမျိုးသမီးကပြောသည်။

“ အဲရွှေတူးတဲ့အနီးက ကျေးရွာဒေသခံတွေ နေလို့မရတော့ဘူး။ ပြောင်းကြကုန်ပြီ။ တချို့လည်း အနီးနား ရွာက အမျိုးတွေမှာသွားနေတယ်။ တချို့လည်း မြို့ပေါ်မှာလာနေကြတယ်။ မြို့မှာ အိမ်တွေလာငှား ၊ လာဝယ်ပြီးတော့နေကြတာတွေလည်းရှိတယ်။ ဘယ်လောက်ပြောင်းကြလည်းတော့ ကျမလည်းသေချာမသိဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

မိုင်းယောင်းမြို့နယ်လက်ရှိ ရွှေတူးဖော်နေသည့် ကုမ္ပဏီသည်မည့်သည့်ကုမ္ပဏီက ဖြစ်ကြောင်းကို အတိအကျမသိရှိရသေးသော်လည်း တရုတ်လူမျိုးများ ဖြစ်ပြီး ထိုတူးဖော်သည့်အစုရှယ်ယာထဲတွင် မိုင်းယောင်းဒေသခံများပါနေကြောင်း သိရသည်။

အဆိုပါမိုင်းယောင်းမြို့နယ် နမ့်ယောင်း အထက်ပိုင်းရွှေတူးဖော်မှုကို ယခင်က ရပ်နားထားပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့်အတွက်ကြောင့် ပြန်လည်တူးဖော်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။

“ ဘယ်ကုမ္ပဏီလဲတော့မသိဘူး။ ဒီလိုရွှေတူးနေတာက ကျမတို့မိုင်းယောင်းဒေသခံတွေလည်းပါတယ်။ ကျမတို့မိုင်းယောင်းကလည်းတွေကပဲခေါ်လာတာ။ တရုတ်လူမျိုးထင်တယ်။ စစ်တပ်ကခွင့်ပြုထားတာလေ။ စစ်တပ်က ခွင့်မပြုရင်ဘယ်သူမှလုပ်လို့မရဘူးလေ။ လူကြီးတွေလည်း ပိုက်ဆံမရရင် မပေးလုပ်ဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ် အတွင်း ရွှေနှင့် သတ္တုတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးလာကာ ၂၀၂၀ ခုနစ်မှစပြီး ရေကြီးရေလျှံမှုများ ကြုံတွေ့လာသည်။

မိုင်းယောင်းရေကြီးမှု

မိုင်းယောင်းမြို့နယ်တွင် နမ့်လွေချောင်း၊ နမ့်ခပ်ချောင်း၊ နမ့်ပုန်းချောင်း၊ နမ့်ဖွန်ချောင်းနှင့် နမ့်ယောင်းချောင်း တို့ကို မှီတင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည်။

အလားတူ မိုင်းဆတ်မြို့နယ် ရွှေ နှင့် သတ္တုတူးဖော်မှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ်ကို ဖြတ်သန်းစီးဆင်သည့် နမ့်ခုတ်မြစ်ထဲလည်း စီးဝင်သည်။

ရှမ်းရှေ့ ရွှေတူးဖော်သည့်နေရာ ပုံဟောင်း

အဆိုပါစီးဝင်လာတဲ့ရေထဲသည် အာဆင်းနစ်ဓာတ် ဓာတုပစ္စည်းတွေကို ထည့်သွင်းအသုံးပြုထားသည်ကို တွေ့ရှိသောကြောင့် ရေတွေအဆိပ်သင့်ပြီ ငါးတွေသေဆုံးမှု ရောဂါကူးစက်မှုရှိကြောင်း ထိုင်းမီဒီယာတစ်ချို့က ဖော်ပြထားသည်။  

အဆိုပါ ဓာတ်ပါဝင်သည့်ရေသည် အရေပြားကို ယားယံစေပြီးအဖုအပိန့်တွေဖြစ်စေပြီ တဖြည်းဖြည်း မည်းလာခြင်း၊ သောက်သုံးမိပါက ဝမ်းသွားစေခြင်း၊ ရေရှည်မှာ ကင်ဆာရောဂါဖြစ်နိုင်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

ထိုကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ အဆိုပါမြစ်ရေသောက်သုံးခြင်း ရှောင်ကြဉ်သင့်တယ်လို့လည်း ထိုင်းဘက်ကသတိပေးထားသည်။

အဆိုပါ မိုင်းဆတ်မြို့က ရွှေတူးဖော်မှုကို UWSA ဝ တပ်ဖွဲ့က ၂၀၀၄-၂၀၀၅ ခုနှစ်ကတည်းက တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီး ရွှေတေူးဖော်မှုတွေပြုလုပ်ခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်းက ရွှေတူးဖော်မှုတွေကြောင့် မိုးရာသီကာလမှာ ရေကြီးမှုတွေနှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်စေပြီ ပြီးခဲ့တဲ့နှစ်ကစ မြေပြိုမှုတွေစတင်ဖြစ်ပေါ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ...