တောင်ကြီးတွင် ရေကြီးမှုများစတင်ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှုအခက်အခဲများကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။

ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိဖြစ်ပေါ်နေကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

“ပြည်တော်သာနဲ့ ဦးကြီးခမ်းရပ်မှာတော်တော်ဆိုးတယ်၊ မနေ့က မြစံပယ်တည်းဟိုခန်းဘေးက လမ်းထဲမှာဆို ကားလမ်းလား၊ ရေချောင်းလား မသဲကွဲတော့ဘူး၊ မြောင်းတွေကအကုန်လျှံပြီး ကားတွေ ဆိုင်ကယ်တွေပါမြုပ်တယ်” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်သို့ပြောသည်။

လူဦးရေထူထပ်လာပြီး၊ လူနေအိမ်ခြေများပြားလာခြင်း အိမ်ဆောက်သည့်အခါ အိမ်ဝန်းအပြည့် ကွန်ကရစ်ခင်းခြင်းတို့ လုပ်ဆောင်ကြသော်လည်း ကောင်းမွန်သည့်‌ ရေနုတ်မြောင်းစနစ်မရှိခြင်း၊ ရေမြောင်းများအတွင်းသို့ အမှိုက်များစွန့်ပစ်ခြင်းတို့ကြောင့် ရုတ်တရက်မိုးကြီးသည့်အခါ မြောင်းရေလျှံပြီး ရေကြီးမှုများဖြစ်နေကြောင်း သိရသည်။

တောင်ကြီး မေ ၁၅ရက် ရေကြီးမှုပုံ

“မြောင်းတွေမှာ အမှိုက်တွေပစ်တာ၊ မြောင်းထဲကအမှိုက်တွေဆိုရင်လည်း စည်ပင်ကလာဆယ်ပြီး မသယ်သွားဘူး လမ်းပေါ်ဒီတိုင်းပုံထားခဲ့တယ်၊ အဲ့လိုထားခဲ့တော့ အဲ့အမှိုက်ပုံနေရာကို လူတွေက အမှိုက်ထပ်ပစ်တော့တာ” ဟု မြို့မရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၇၀၀ ကျော်မြင့်သည့် တောင်ပေါ်တွင်ရှိသော တောင်ကြီးမြို့သည် ၂၀၂၀ ခုနှစ်က အာဆီယံတွင် အသန့်ရှင်းဆုံးမြို့တော်ဆု “ASEAN Clean Tourist City Standard Award” ဆုရှီခဲ့သော်လည်း ဆုရရှိခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်းမှစတင်၍ မိုးရာသီရောက်တိုင်း‌ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

ထိုအပြင် အဝီစိရေတွင်း တူးဖော်မှုအဆမတန်များပြားလာခြင်းတို့ကြောင့် မြေကျွံသည့် ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း တတ်ကျွမ်းသူအချို့ကဆိုသည်။

“တောင်ကြီးက အဝီစိတွင်းတူးတာများလို့ မြေအောက်မြေကျွံလိမ့်လို့ အင်ဂျင်နီယာတစ်ယောက်က ပြောဖူးတယ်၊ မိုးများပြီးရင် မြေအောက်ရေကတစိမ့်စိမ့်နဲ့ပြန်ထွက်တယ်၊ ရေစုပ်စက်နဲ့စုပ်ထုတ်ရတယ်” ဟု တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး၊ အစိုးရဌာနဆိုင်ရာရုံးများစွာရှိသည့် တောင်ကြီးမြို့သည့် အမြင်တွင်လှပနေသယောင်ရှိသော်လည်း မြို့တော်စီမံခန့်ခွဲမှုစနစ်များ ယိုယွင်းလာမှုကြောင့် တနှစ်ထက်တနှစ် သဘာဝဘေးဒဏ်ကို ပြည်သူများပိုမို ခံစားလာရလျက်ရှိသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလက တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကြီးအပါအဝင်၊ အင်းလေး၊ ကလောနှင့် သျှမ်းပြည်တောင်ပိုင်းတကျောမြို့နယ်များစွာ ရေဘေးသင့်မှုကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် အထိအခိုက်ပြင်းထန်ခဲ့သော အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်နေသည့်ကာလအတွင်း မိုးသည်းထန်မှုကြောင့် ရေမြင့်တက်လာမည့် အန္တရာယ်များကိုလည်း ဒေသခံများစိုးရိမ်နေရလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...