မူးယစ်ဆေးဝါး
တောင်လေးလုံး အနီး ကားတစ်စီး သေနတ်ပစ်ခံရ တစ်ဦးသေဆုံးသွား
သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအနီး ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြားစက်ရုံအကြားတွင် ကားတစ်စီးကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ပြီး တစ်ဦးသေဆုံးကာ ၊ နှစ်ဦးက ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၃) ရက် မွန်းလွဲပိုင်းတွင် ရေပယ်ကျေးရွာ မှ...
မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦးကို PNO မှဖမ်းဆီးရိုက်နှိက် ငွေတောင်းပြီး ပြန်လွတ်ပေး
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာမှ မူးယစ်ဆေးဝါး သုံးစွဲသူ လူ ၃ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးရိုက်နှိက် ငွေတောင်းယူခဲ့ပြီး တစ်ရက်အတွင်း ပြန်လွတ်ပေးခဲ့ကြောင်း သတင်း သိရသည်။ လက်ရှိ ဇူလိုင် ပထမပတ်အတွင်း ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ...
နောင်ချိုမြို့တွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ မူးယစ်ဆေး သိမ်းဆည်းရမိ
SHAN -
သျှမ်းပြည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ သွားမည့် မော်တော်ကားတစ်စီးကို စစ်ဆေးရှာဖွေရာ ကာလပေါက်စျေး ကျပ်သိန်း ၁၂၀၀...
သျှမ်းပြည်တွင်း အိမ်ခြေမဲ့သူ တစ်လကို ၃ ဦးနှုန်း သေဆုံး
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူများပြားလာရာမှ တစ်လကို အနည်းဆုံး ၃ ဦးနှုန်း သေဆုံးနေပြီး အိမ်ခြေမဲ့ နေထိုင်သူကို ပြန်လည်နေရာ ချထားရေး ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် နှင့် ဇူလိုင်...
တာချီလိတ်မြို့နယ် မဲခေါင်မြစ်အတွင်း ငွေကျပ်သိန်း (၄,၂၀၀) ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ
SHAN -
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့နယ် ဆယ်ဖူးကျေးရွာ နှင့် နမ့်ဖုန်းကျေးရွာကြား မဲခေါင်မြစ်ကမ်းဘေးတွင် ငွေကျပ်သိန်း (၄,၂၀၀) ကျော် တန်ဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် မြန်မာ...
တောင်ကြီးမြို့ မူးယစ်ဆေးဝါး မီးရှို့အခမ်းနား တက်ရောက်ခဲ့သည့် ကျောင်းသူများ မူးလဲသတိလစ်
သျှမ်းပြည် တောင်ကြီးမြို့အတွင်း ယမန်နေ့ (ဇွန် ၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၃၀ ကျော်က မူးလဲပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ ဇွန် (၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို...
ကျိုင်းတုံမှာ မူးယစ်ဆေးသုံးသည့် သားက မိခင်ကို သတ်သည့်အမှုဖြစ်
သျှမ်းပြည် ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာအတွင်း နေထိုင်သည့် သားအမိနှစ်ဦးသည် စကားများရာမှ ကိုယ်ထိလက်ရောက် ဖြစ်ပွားကာ မိခင်ဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၂ ရက် ညပိုင်း အချိန်တွင် ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာအတွင်း နေထိုင်သည့် သားအမိနှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ သားဖြစ်သူက အသက်...
တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်းမြောက်များစွာ မူးယစ်ဆေးဝါးဖမ်းဆီးမိ
သျှမ်းပြည် တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း မြောက်များစွာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက် ၁ နာရီခွဲတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ (အတွင်း) ရှိ ငှားရမ်းနေအိမ်၌ သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စိတ်ပြောင်းဆေးဝါး...
မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ...
ခေတ်ပျက်ကြားထဲ မူးယစ်ဆေးဒဏ်ပါခံနေရတဲ့ ပုံးအင်းတောင်သူ
လယ်ယာခင်းထဲက ခြုံပုတ်၊ မြက်ရိုင်းတွေကို ဓားရှည်တလက် နဲ့ အမျိုးသမီး တစ်ယောက်ဟာ ရှိသမျှ အားထုတ်ကာ နွေရာသီရဲ့ ပြင်းရှရှ အပူရှိန်ကို မမူနိုင်ဘဲ ခုတ်ထွင် ရှင်းလင်းနေပါတယ်။ အရင်က လယ်ယာခင်းတွေထဲရှိ ခြုံ၊ မြက်ရိုင်းတွေကို ဓားရှည် တလက် နဲ့ ရှင်းလင်းတဲ့ အလုပ်ကို အမျိုးသားတွေကိုသာ...





