တောင်ကြီးမြို့ မူးယစ်ဆေးဝါး မီးရှို့အခမ်းနား တက်ရောက်ခဲ့သည့် ကျောင်းသူများ မူးလဲသတိလစ်

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ယမန်နေ့ (ဇွန် ၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၃၀ ကျော်က မူးလဲပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

မူးယစ်ဆေးဝါး အနံ့အသက်ဆိုးကြောင့် မူးနေသည့် ကျောင်းသူ

ယမန်နေ့ ဇွန် (၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပခဲ့ပြီး အ.ထ.က (၂) ကျောင်းသား/သူတွေလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူများထဲမှ ကျောင်းသူ ၃၀ ကျော်လောက်က မူးလဲခဲ့ပြီး ၁၃ ဦးကို ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

“အဓိကတော့ အခမ်းအနားကို လာတဲ့အချိန်မှာ ထမင်းမစားလာလို့ပေါ့။ နေပူထဲမှာ ရပ်နေရတာကြာတော့ သတိလစ်တာ မူးလဲတာတွေ ဖြစ်တာပေါ့။ မူးလဲတာကတော့ ၃၀ ကျော်တယ်။ ဆေးရုံကို တင်ပို့ရတာတော့ ၁၃ ယောက်လောက်ရှိတယ်ပေါ့။ ဖြစ်တာကတော့ နေပူရှိန်ကြောင့် လဲဖြစ်တယ်” ဟု တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူများသည် ၇ တန်း၊ ၈ တန်းများ ဖြစ်ကြပြီး လေ့လာရေးအနေဖြင့် တက်ရောက်လာခဲ့ကြောင်း အထက်ပါ တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

တစ်ဖက်တွင်လည်း အဆိုပါ ကျောင်းသူများသည် မူးယစ်ဆေးဝါးကို မီးရှို့ပြီး ထွက်လာသည့်အနံ့သက်ဆိုး ကြောင့် မူးလဲမှုတွေဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ မူးလဲနေကြတာ အများကြီးပဲ။ ကျောင်းသူလေးတွေ အများစု ဖြစ်ကြတာ။ မူးယစ်ဆေးဝါးကို မီးရှို့ရင် အနံ့ကဆိုးတယ်။ ကလေးတွေက ဘယ်ခံနိုင်မလဲ။ မူးလဲမှာပေါ့။ တကယ်ဆို ကလေးတွေ မသွားသင့်တဲ့ နေရာတွေဖြစ်တယ်။ အရင်ကလည်း ကျောင်းသားတွေ မလာရဘူး” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီး အဝေရာမီးပုံးပျံကွင်းတွင် မူးယစ်ဆေးဝါးကို မီးရှို့တိုက်ဖျက်မှုနှင့်ပတ်သက်ပြီး ဒေသခံများက အနံ့အသက် ဆိုးရွားသဖြင့် ပြောင်းရွှေ့ရန် အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော် ယနေ့ထိတိုင် သက်ဆိုင်ရာ အာဏာပိုင်များက ဆက်လက်လုပ်နေသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...