မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။

ပုံးအင်းဒေသ ဝမ်မိုင်ကျေးရွာ

ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ အသက် (၁၆) နှစ် နှင့် (၁၇) နှစ်ဝန်းကျင် လူငယ် ၃ ဦးနှင့်အတူ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးသွားပြီး ဆိုက်ခေါင်စံပြကျေးရွာ၏ အနောက်ဖက်ခြမ်းဒေသ နောင်ဖဖားစခန်း၌ ၂ ညကြာ ချုပ်နှောင်ထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ညအချိန်မှာ လာစောင့်ပြီး ဖမ်းသွားတာ။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ် ၃ ယောက်နဲ့ လူလတ်ပိုင်း တစ်ယောက် မိသွားတယ်။ သူတို့ကို ဖမ်းပြီး သက်ဆိုင်ရာ မိသားစုထံ တစ်ဦးချင်းဆီကို ပိုက်ဆံတောင်းတယ်။ နှစ်ညလောက်နေ ပြန်လွတ်လာပေးတယ်။ သူတို့ ၄ ယောက်စလုံး ပြန်လွတ်ဖို့အတွက် သိန်း ၉၀ နီးပါးလောက် ပေးရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၄ ဦးထဲမှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူငယ်တွေပျက်စီးအောင် ဦးစီးပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုသည့် စွပ်စွဲချက်ဖြင့် ၅ ကြိမ်ထက်မနည်း ရိုက်နှိက် ခံရကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲလာသူ ရွာတိုင်းရှိလာသဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ နေ့စဉ်နီးပါး စောင့်ဆိုင်းပြီး ဖမ်းဆီးငွေတောင်းယူနေလျက်ရှိ ကြောင်း သိရသည်။

“ရောင်းတဲ့သူကော၊ သုံးစွဲတဲ့သူကော အရမ်းများတယ်။ ဒီရွာတင်မဟုတ်ဘူး ရွာတိုင်းလိုလို ဖြစ်နေတာ။ PNO ကလည်း နေ့တိုင်းလိုလို လာစောင့်နေတယ်။ ဖြစ်လာရင် ကလေးတွေ မြေးအရွယ်တွေပဲ။ ဒါပေမယ့် သူတို့ကို တားလို့မှမရတာ။ သူတို့သွားတဲ့ နေရာပဲမြင်တယ်၊ သူတို့စားတဲ့ အရာတွေက ကိုယ်မမြင်ဘူး။ အချင်းချင်းခိုးရောင်း၊ ခိုးစားနေကြတာပေါ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးပြီး ငွေတောင်းယူမည့်အစား မူးယစ်ဆေးဝါး ရောင်းသူကိုသာ အဓိကထားပြီး ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်ပေးစေလိုကြောင်း ပုံးအင်းဒေသမှ အမည်မဖော်လိုသူ တောင်သူတစ်ဦးက အကြံပြုသည်။

“မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူကို ဖမ်းမယ့်အစား အဓိက ရောင်းနေတဲ့သူကို ဖမ်းပေးစေချင်တယ်။ သူတို့မှ မရောင်းရင် ဘယ်သူမှ ဝယ်မစားတော့ဘူး“ ဟု ၎င်းက ယခုလို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း၌ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံများထံ ပိုက်ဆံတောင်းယူနေလျက်ကြောင်း သိရသည်။

လက်ရှိ သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ တလျောက် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင်တပ်သားအဖြစ် ပါဝင်ကူညီတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...