မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦးကို PNO မှဖမ်းဆီးရိုက်နှိက် ငွေတောင်းပြီး ပြန်လွတ်ပေး

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာမှ မူးယစ်ဆေးဝါး သုံးစွဲသူ လူ ၃ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးရိုက်နှိက် ငွေတောင်းယူခဲ့ပြီး တစ်ရက်အတွင်း ပြန်လွတ်ပေးခဲ့ကြောင်း သတင်း သိရသည်။

PNO

လက်ရှိ ဇူလိုင် ပထမပတ်အတွင်း ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာတွင် နေထိုင်သည့် အမျိုးသား ၃ ဦးကို မူးယစ်ဆေးဝါး သုံးစွဲသည်ဟုဆိုပြီး ဖမ်းဆီးရိုက်နှိက်ခဲ့ကာ တစ်ဦးကို ကျပ်သိန်း ၄၀ တောင်းခံခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူးယစ်ဆေးဝါး သုံးတယ်ဆိုပြီး ဖမ်းတာပဲ။ ဖမ်းပြီးရိုက်နှိက်တယ်၊ ပြီးတော့ တစ်ယောက်ကို ကျပ်သိန်း ၄၀ တောင်းတယ်။ မပေးနိုင်ရင် ရှေ့တန်းပို့မယ် ဘာညာ ခြိမ်းခြောက်တယ်။ ရဲလက်ထဲ အပ်မယ်ဆိုလည်း မရဘူး။ သူတို့က ပိုက်ဆံရချင်လို့ လုပ်စားနေတာ။ မရမက ရသလောက်တောင်းတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူသည် အသက် ၃၅ နှစ် နှင့် ၄၀ နှစ်ကြား အမျိုးသား ၃ ဦးဖြစ်ပြီး ပိုက်ဆံပေးဆောင်ရပြီးနောက် တစ်ရက်အတွင်း ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ လက်ခံအောက် ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေဒေသရှိ ကျေးရွာများတွင် ပိုက်ဆံ တောင်းခံနေလျက်ရှိကာ တပ်သားအသစ် စုဆောင်းမှုလည်းရှိနေပြီး မပေးနိုင်ပါက ခြိမ်းခြောက်ပြောဆိုနေလျက် ရှိကြောင်း သိရသည်။

“တကယ်တော့ သူတို့ အချင်းချင်းတွေထဲကဘဲ လုပ်စားနေကြတာ။ အကြောင်းပြချက် အမျိုးမျိုးယူပြီး ငွေတောင်းနေတာပေါ့။ မူးယစ်ဆေးဝါးသုံးတဲ့သူတွေသာ လိုက်ဖမ်းတယ်။ ငွေတောင်းလို့ရရင် ပြန်လွတ်ပေးတယ်။ ဒါက သူတို့ငွေရှာစားနေတာပဲ “ ဟု အင်းစံကားဒေသမှ ဒေသခံတစ်ဦးက ထပ်လောင်း ပြောသည်။

အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO ထိန်းချုပ်ရာနယ်မြေ ဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင် ပထမအပတ်၌ ကျေးရွာဒေသခံများထံ သေနတ်ဝယ်ယူရန်ဟုဆိုပြီး တစ်အိမ်လျှင် ကျပ်ငွေ ၃ သောင်းမှ ၅ သောင်းအထိ ကောက်ခံခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...