ခေတ်ပျက်ကြားထဲ မူးယစ်ဆေးဒဏ်ပါခံနေရတဲ့ ပုံးအင်းတောင်သူ

လယ်ယာခင်းထဲက ခြုံပုတ်၊ မြက်ရိုင်းတွေကို ဓားရှည်တလက် နဲ့ အမျိုးသမီး တစ်ယောက်ဟာ ရှိသမျှ အားထုတ်ကာ နွေရာသီရဲ့ ပြင်းရှရှ အပူရှိန်ကို မမူနိုင်ဘဲ ခုတ်ထွင် ရှင်းလင်းနေပါတယ်။

ပုံးအင်းထဲက စပါးစိုက်ပျိုးနေတဲ့ အမျိုးသမီးတွေ

အရင်က လယ်ယာခင်းတွေထဲရှိ ခြုံ၊ မြက်ရိုင်းတွေကို ဓားရှည် တလက် နဲ့ ရှင်းလင်းတဲ့ အလုပ်ကို အမျိုးသားတွေကိုသာ တွေ့ရမှာဖြစ်ပြီး၊ အခုတော့ အဲ့အလုပ်တွေကို အမျိုးသမီးတွေက နေရာယူလာပါတယ်။

အဲ့ဒါကတော့ သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပုံအင်းဒေသ က တောင်သူအမျိုးသမီး နန်းယဥ် က မြက်ရိုင်းတွေကို ရှင်းလင်းနေတဲ့ ပုံရိပ်ပါပဲ။

နန်းယဥ်

ပုံးအင်း ဒေသဟာဆိုရင် တနှစ်မှာ ကုန်း (၆) လ နဲ့ ရေ (၆) လ နေထိုင်ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကုန်း (၆) လမှာ လမ်းလျှောက်၊ ဆိုင်ကယ် ကားတွေ အိမ်အထိရောက်ပြီး၊ ရေ (၆) လမှာတော့ ရေပတ်လည်ဝိုင်းကာ လှေနဲ့ သွားလာရပါတယ်။ ပုံးအင်းကို ဒုတိယ အင်းလေးလို့လည်း ခေါ်ဝေါ်ကြပါတယ်။

အဲ့ဒေသက စပါး နဲ့ ကြက်သွန်ဖြူ စိုက်ပျိုးကြပြီး ပုံးအင်းဆန်ဟာ သျှမ်းပြည်တဝှမ်း လူကြိုက်များတဲ့ ဆန်ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပုံးအင်း က လူငယ်တွေဟာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသလို ပုံးအင်းမှာ ကျန်ရှိတဲ့ အမျိုးသားတွေဟာလည်း မူးယစ်သားကောင်တွေ ဖြစ်သွားတဲ့အတွက် အမျိုးသမီးတွေဟာ ဓားကိုဆွဲပြီး လယ်ထဲက မြက်ရိုင်းတွေ ကိုယ်တိုင်ရှင်းလင်း၊ ကိုယ်တိုင် လယ်ယာလုပ်နေရတဲ့ အဆင့်ပါပဲ။

လယ်ယာလုပ်နေတဲ့ အမျိုးသားတစ်ဦး

“သားအကြီးကလည်း မူးယစ်ဆေးသုံး၊ ယောကျ်ားကလည်း အရက်သောက်တော့ ကျမနဲ့ အိမ်ထောင်ကွဲခဲ့တယ်။ သမီးကလည်း တာချီလိတ်မှာ အလုပ်လုပ်တယ်လေ။ ကျမကို လယ်လုပ်ဖို့ ကူမယ့်သူ မရှိဘူး။ အဲ့ကြောင့် ကျမကိုယ်တိုင် ဦးစီးလုပ်နေရတာ” လို့ နန်းယဥ် က လက်ရှိ ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြောပြလာပါတယ်။

ပုံးအင်း လယ်ယာတွေဟာ အရင်နှစ် မိုးရာသီတုန်းက စပါးတွေ ရေနစ်မြှုပ်ခံရပြီး၊ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီနှစ်မှာတော့ လယ်အငှားပေးပြီးတော့ မလုပ်နိုင်တော့ကြောင်း နန်းယဥ်က ဆိုပြန်ပါတယ်။

နန်းယဥ်တို့ မိသားစု ပိုင်တဲ့ လယ်ယာ ဧကစုစုပါင်း ၂၅ ဧက ရှိပြီး လက်ရှိမှာတော့ သူမ တကိုယ်တည်း ရုန်းကန်ရတဲ့အတွက် ၁၅ ဧကကိုသာ စပါးပျိုးကြဲဖို့ မြက်ရိုင်းတွေ ခြုံတွေရှင်းနိုင်တယ်။

မိုးရာသီမှာ စပါးစိုက်ခင်းများ ရေမြှုပ်

“သားအကြီးတယောက် မူးယစ်ဆေး မသုံးခင်ကတော့ လယ်ထွန်စက် မောင်းပေးတယ်။ အခုတော့ ကျမတစ်ယောက်တည်း ရုန်းရတော့ အရင်လို မလုပ်နိုင်ဘူး။ ဒီမှာက ထိုင်းသွားလုပ်ရင်လုပ် မလုပ်ဘဲ ဒီမှာနေတဲ့ ယောကျာ်းလေးတော့ မူးယစ်ဆေးသုံး ကြတယ်။ မူးယစ်ဆေးတွေကလည်း လွယ်လွယ်ဝယ်နိုင်တယ်လေ” လို့ နန်းယဥ် တယောက် ပုံးအင်း ဒေသ မူးယစ်ဆေးဝါး ပေါများလာတဲ့အကြောင်းကို ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် တုန်းကတော့ နန်းယဥ်ရဲ့ သားအကြီးဆုံးဟာ လယ်ယာလုပ်ဖို့ ကူညီပေးခဲ့ပေမယ့် လယ်ယာအလုပ်လုပ်ရင်း သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မူးယစ်ဆေး စမ်းသုံးရာမှာ လက်ရှိမှာတော့ အလုပ်ကိုပစ်ပြီး မူးယစ်ဆေးနွံထဲနစ် နေပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးတွေကလည်း အဆမတန် ပေါများလာနေပြီး တောင်ယာ လုပ်ကိုင်သူတွေ၊ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေနဲ့ ကင်းသူမရှိကြောင်း နန်းယဥ်က ပြောပါတယ်။

ပုံးအင်းထဲက စပါးစိုက်ပျိုးနေတဲ့ အမျိုးသမီးတွေ

“ရွာမှာက မျိုးစုံရှိတော့ လူငယ်တွေက ကိုယ့်ကိုယ်မထိန်းတတ်ရင် ပျက်စီးတယ်။ မူးယစ်ဆေးဝါးတွေက ပေါတယ်။ အရင်က ဈေးကြီးတယ်ပြောတာ အခုက ဈေးအရမ်းပေါတယ်။ တချို့တွေက အထုပ်လိုက် စုပြီး ဝယ်နေကြပြီ။ တစ်ထုပ်ကို အလုံး ၅၀ ပါတယ်လို့ ပြောတယ်။ တချို့ကလည်း ၁ ထောင်ဖိုး ၃ လုံး အဲ့လောက်ထိ ဈေးပေါတယ်လို့ ပြောတယ် “ လို့ နန်းယဉ်က ပြောပါတယ်။

ပုံးအင်းဒေသမှာ တရက်နဲ့တရက် ကုန်စျေးနှုန်း ဟာ ခုန်တက်နေတဲ့ကြား ကြက်ဥ တလုံး ၂၅၀ ကျပ်၊ မိသားစု ထမင်းတနပ် ဟာ အနည်းဆုံး ၃,၀၀၀ ကျပ် နီးပါး ဖြစ်နေချိန် မူးယစ်ဆေးတစ်လုံးဟာ တစ်ထောင်ဝန်းကျင်တာ ရှိနေပါတယ်။

“ မူးယစ်ဆေးက အစားအသောက်ထက် စျေးပေါတော့ မူးယစ်သားကောင် ဖြစ်ဖို့လွယ်တာပေါ့။ အခုက တရွာလုံးနီးပါး မူးယစ်ဆေးသုံးတော့ ကျမတို့ အမျိုးသမီးအတွက် အခက်တွေ့ကြုံနေရတယ်” လို့ နန်းယဥ်က စိတ်ပျက်လက်ပျက် ပြောပါတယ်။

ပုံးအင်းဒေသ

နန်းယဥ် နေထိုင်တဲ့ ပတ်ဝန်းကျင် တဝှိက်မှာဆိုရင် မူးယစ်ဆေးဝါး မသုံးစွဲတဲ့ နေအိမ် မရှိသလောက်ဖြစ်ပြီး၊ လက်ညိုးထိုးရာ အိမ်တိုင်းဟာ မူးယစ်ဆေးသုံးစွဲ နေကြပါတယ်။

ပုံးအင်းဒေသ အတွင်း မူးယစ်ဆေးသုံးစွဲသူတွေကို စစ်ကောင်စီ လက်ပါးစေ ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်တဲ့ဒေသ ဖြစ်တဲ့အလျောက် မူးယစ်ဆေးသုံးစွဲသူတွေကို PNO က ဖမ်းဆီးပေမယ့် ဆေးဖြတ်တာတွေ မလုပ်ပေးပါဘူး။

PNO တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦးကို ဖမ်းဆီးမိပါက ငွေကျပ် ၁၀ သိန်း ပေးဆောင်ရပြီး လူပြန်လွှတ်ပေးခဲ့ရပြီး၊ ငွေမပေးနိုင်ပါက ရိုက်နှက်မှုတွေ ပြုလုပ်ကာ ဖမ်းဆီးသွားပါတယ်။

ဒါတွေဟာ မူးယစ်ဆေးကင်းစင်မှု ပြုလုပ်နေတာ မဟုတ်ဘဲ လက်နက်ကိုင်ပြီး တမြင် ငွေညစ်ယူနေတဲ့ ပုံစံဖြစ်နေတယ်လို့လည်း ပုံးအင်း ပြည်သူက ပြောပါတယ်။

စပါး

“ဒီလို ခက်ခဲတဲ့ ကာလမှာ PNO လည်း ရတဲ့နည်းကနေ ငွေတွေယူတယ်။ တကယ်လို့ မူးယစ်ဆေးစွဲသူ ဖမ်းမိရင် ဆေးဖြတ်ပေးတယ်ဆိုရင် ငွေပေးရတာ ဘာမှ မဖြစ်ဘူး။ အခုက ငွေကို တမြင်ညစ်ယူတဲ့သဘောပဲ” လို့ ပုံးအင်း ဒေသခံ အသက် ၄၀ ကျော် အမျိုးသမီး က မှတ်ချက် ပြုလိုက်ပါတယ်။

နန်းယဥ် လိုပင် အမျိုးသမီးပဲရှိတဲ့ အိမ်တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ယာအတွက် နေ့စားအလုပ်သမားတွေ ရှားပါးလာတဲ့အတွက် ကိုယ်တိုင် လယ်ဆင်း လုပ်နေရတာတွေလည်း ရှိပါတယ်။

“နေ့စားလုပ်ပေးမယ့်သူတွေလည်းမရှိ၊ လူငယ်တွေလည်း ထိုင်းရောက်တဲ့ သူကရောက် ဆေးသမားဖြစ်တဲ့ သူကဖြစ်တော့ ကျမတို့အတွက် လက်ရှိတော့ လယ်လုပ်ပေးမယ့်သူ မရှိဘူး။ ကျမ ကိုယ်တိုင် လယ်ဆင်းလုပ်ရမယ့် ကိန်းဖြစ်နေတယ်”လို့ ပုံးအင်း ဒေသက နန်းအောင်က ဆိုပါတယ်။

စပါး

နန်းအောင်တယောက် ဟာ နှစ်စဥ်နှစ်တိုင်း သူမ ဘိုးဘွားပိုင် လယ်ယာမြေကို နေ့စားလုပ်သား ငှားရမ်းပြီး လုပ်လာခဲ့ရာမှ အခုနောက်ပိုင်း ခေတ်အဆက်ဆက် တဖက်မှာလည်း အစစအရာရာ ကုန်စျေးနှုန်း မြင့်တက်လာချိန် တဖက်မှာလည်း နေ့စားခ လုပ်သားရှားပါးတော့ နန်းအောင်တယောက် လယ်လုပ်ဖို့ တွန့်ခြောက်နေရပါတယ်။

“အခု စိတ်နှစ်ခွဖြစ်နေတယ်။ လယ်လုပ်သင့် မလုပ်သင့်ပေါ့။ မနှစ်က လယ်စိုက်တာ ရေကြီးရေလျှံတော့ ရှုံးတယ်လေ။ ဒါ့ကြောင့် ခေတ်ပျက်ပြီး ဘာမှ အဆင်မပြေချိန် ဘာလုပ်ရမှန်း မသိဘူး” လို့ နန်းအောင်က ဝမ်းနည်းတဲ့လေသံဖြင့် ဆိုပြန်ပါတယ်။

ခေတ်ပျက် ခေတ်ဆိုးကြား မူးယစ်ဆေးတွေ ပေါများလာပြီး လူတိုင်း ကြပ်တည်းနေပေမယ့် ဝမ်းရေးအတွက်တော့ ခက်ခဲတဲ့ကြား ရုန်းကန်နေကြမှာပါ။

ပုံးအင်းဒေသက စပါးစိုက်ခင်း

“ပုံးအင်းမှာ ကျမတို့ တောင်သူတွေက စပါးမစိုက်ရင် ဘာမှလုပ်စားလို့ မရဘူး။ နှစ်တိုင်း စပါးစိုက်မှ စားရတာ။ စပါးစိုက်တယ် ဆိုတာကလည်း အခုက အရင်းအနှီး များများရှိမှ စိုက်နိုင်တော့တာ။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်းတွေက တက်တော့ ဘာမဆို ဈေးကြီးကြီးနဲ့ အကုန်ဝယ်စားနေရတယ်။ ကုန်ဈေးတွေ တအားမတက်ဖို့ တောင်းဆိုချင်တယ် “ ဟု နန်းအောင်က ပြောပါတယ်။

အရင်နှစ် ၂၀၂၂ သြဂုတ်လပိုင်းက ပုံးအင်းဒေသတွင် ရေကြီးရေလျှံ ဖြစ်ပွားခဲ့မှုကြောင့် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ် နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ လယ်ဧကပေါင်း ၂ သောင်းကျော်ဟာ ရေနစ်မြှုပ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပုံးအင်းဒေသမှ တောင်သူများဟာ စပါးဧကပေါင်းများစွာ ရေထဲနစ်မြှုပ် ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် စားသုံးရန် ဆန်များ ပြတ်လပ်သွားခဲ့တဲ့ အဆင့်ရောက်ရှိခဲ့ရပြီး ဘုန်းကြီးကျောင်းမှ လှူဒါန်းထားသော ဆန် နှင့် ပြင်ပ ဆန် တွေကို ပြန်လည် ဝယ်ယူပြီး စားသုံးခဲ့ရတဲ့ ဘဝဖြစ်ခဲ့ပါတယ်။

မိုးရာသီမှာ စပါးစိုက်ခင်းများ ရေမြှုပ်

“အရင်နှစ်က စပါးတွေ ရေထဲနစ်သွားတော့ စားစရာဆန်တွေတောင် ပြတ်သွားတယ်။ စပါးတွေ ရောင်းပြီးတဲ့အချိန်မှ စပါးဈေးက ပြန်တက်တော့ အဲ့ချိန်တောင်သူတွေရဲ့လက်ထဲမှာ ရောင်းဖို့ဘာမှ မကျန်တော့ဘူး။ နောက်ဆုံး စပါးတွေ ကလည်းမရှိ၊ ဆန်တွေ ပြတ် နဲ့ ဘုန်းကြီးကျောင်းက လှူဒါန်းထားတဲ့ဆန်တွေ၊ အပြင်ကဆန်တွေကို ဝယ်စားရတယ် “ ဟု စိုင်းဖက ပြောပါတယ်။

နိုင်ငံရေး မငြိမ်မှုကြောင့် ပုံးအင်းဒေသမှ တောင်သူများဟာ တောင်ယာလုပ်ကိုင်ရာမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမို ခက်ခဲလာနေသလို တချို့မှာ မူးယစ်ဆေးဝါးတွေ သုံးစွဲလာကြသည့်အတွက်ကြောင့် နောင်နှစ် လယ်ယာလုပ်ကိုင်သူတွေ မရှိသလောက် ရှားပါးသွားပြီး မူးယစ်ဆေးဝါးသုံးသူတွေ များလာမှာကို စိုးရိမ်နေကြောင်း နန်းယဉ်က ပြောပါတယ်။

ဘိုးဘွားအဆက်ဆက်က လုပ်ဆောင်လာတဲ့ လယ်ယာအလုပ်ကို နန်းယဥ်တယောက် သူမရဲ့ လက်မှာ ပျောက်ပျက် သွားမှာကို စိုးရိမ်နေပါတယ်။

“ကျမတို့ကလည်း အိုသွားတဲ့အထိ ဒီလယ်ယာလုပ်ငန်းတွေက မလုပ်နိုင်ဘူး။ ကျမတို့ ဘိုးဘွားပိုင်လယ်မြေတွေ ဆက်ခံပြီး လုပ်မယ့်သူ မရှိမှာ ကြောက်တယ်။ ဒီပုံစံအတိုင်းဆိုရင် လယ်တွေ တဖြည်းဖြည်းပျောက်ပျက်သွားမှာ” လို့ နန်းယဥ်တယောက် တွေးပူတဲ့ လေသံ နဲ့ ဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...