မူဆယ်မြို့
မူဆယ်မြို့တွင်း ဓားပြတိုက်မှု ထပ်မံဖြစ်ပွား
သျှမ်းပြည်မူဆယ်မြို့ စျေးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမည်မသိ အမျိုးသားလေးဦး ဝင်ရောက် ဓားပြ တိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်) ညနေ ၇ နာရီဝန်းကျင် ကား Crown အဖြူရောင်တစ်စီးဖြင့် အမျိူးသား ၄ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်ပြီး...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာ၊နောင်မိုရွာ သင်္ချိုင်းကုန်အနီးတွင် အမျိုးသားတစ်ဦး တံမြတ်စည်းပင် သွားခုတ်ရာမှ မိုင်းနင်းမိကာ ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူအိမ်အပြန်လမ်းမှာ မိုင်းနင်းမိတာ။မနေ့ညနေ ၅ နာရီလောက်က ဖြစ်သွားတာ”ဟု အသက် ၃၀ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်...
မူဆယ် အမျိုးသမီးတစ်ဦး မိုင်းကို ပေါက်ပြားဖြင့် ပေါက်မိ
သျှမ်းပြည် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခြံသွားပြီးမြက်ရိုင်း ရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပေါက်ပြားဖြင့်ပေါက်မိလိုက်ကာ မိုင်းကွဲပြီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် အသက် ၅၀ ကျော် ပါ့ရွှေသိန်းဆိုသူသည် ခြံသွားပြီး မြက်ရိုင်းရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို...
မူဆယ်မြို့ ဇန်နဝါရီလဝက်အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၃ ဦးရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဇန်နဝါရီ လဝက်အတွင်း အမျိုးသားသုံးဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စု တွင် အမျိုးသားတစ်ဦး နှင့် စွမ်စော်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး ဇန်နဝါရီလ လဝက်အတွင်းတွင် မြေမြုပ်မိုင်းနင်းမိ၍ခြေထောက် ပြတ်သည်အထိ အပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ (ဇန်နဝါရီလ ၁၄...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက် နေ့လည် ၂ နာရီခွဲကျော်တွင် အမျိုးသားတစ်ဦး ထင်းသွားရှာနေ့စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်သွားကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...
မူဆယ်မြို့နယ် စစ်ကောင်စီတပ် အချင်းချင်း ပစ်ခတ်မှုဖြစ်
သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁) ရက်တွင် မူဆယ်မြို့နယ်၊ မန့်ဝိန်းရပ်ကွက်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်အချင်းချင်း အထင်လွဲ စကားများကြပြီး သေနတ်ဖြင့် အပြန်အလှန်...
ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်တပ်မိသားစုဝင်များကို TNLAမှ မိုင်းခွဲတိုက်ခိုက် သတင်းအမှား
ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ တပ်သား မိသားစုဝင်များကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးပြီး ရောက်နေသည့်လမ်းတစ်ဝက်မှာတင် မိုင်းများဖြင့်ဖောက်ခွဲ၍ သေဆုံးသတင်းမှား ဖြန့်ချိနေသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် ဟန်ငြိမ်းဦးဆိုသည့်အကောင့်တစ်ခုမှ “ ဇန်နဝါရီ (၇) ရက် ကွတ်ခိုင်မြို့ တပ်မတော်မှ စစ်သည်များ၏...
ပန်ဆိုင်း-မူဆယ် ကားလမ်း နှစ်ဘက်တပ် အပြိုင်အဆိုင်ပိတ်ထား
သျှမ်ပြည် ပန်ဆိုင်း- မူဆယ် ကားလမ်းအသုံးမပြုရန် စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ MNDAA တို့ အပြိုင်အဆိုင် တားမြစ်ထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပန်ဆိုင်းမြို့နှင့်် မူဆယ်မြို့သွားရာလမ်းတကြောတွင် တိုက်ပွဲများငြိမ်နေပါသော်လည်း သွားလာရန်ခက်ခဲနေပြီး မူဆယ်မြို့သို့ ရောက်ရှိနေသော ပန်ဆိုင်းစစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေကြောင်း ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မူဆယ်ကိုရောက်နေတဲ့...
မူဆယ်မြို့အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ပျံဝဲပြီး ပစ်လိုက်သည့် ကျည်ကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း မူဆယ်မြို့ ဒေသခံများက ပြောသည်။ ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်) နေ့လယ် ၁၂ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းကင်ပေါ်သို့ စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် ပျံဝဲပြီး ပစ်ခတ်လိုက်သည့်...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်
သျှမ်းပြည် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီ မှရဟတ်ယာဥ်ဖြင့် မူဆယ်မြို့ပေါ် လှည့်နေချိန် ညီနောင်မဟာမိတ်တပ်ဖွဲ့ မှ မြေပြင်မှ...





