Wednesday, January 28, 2026

မူဆယ်မြို့

မူဆယ်မြို့ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား အမျိုးသား ၁ ဉီးသေဆုံး

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ရွှေနဂါး ဟိုတယ်တွင် ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် အမျိုးသား ၁ ဉီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ညပိုင်းအချိန်တွင် မူဆယ်မြို့ ရှိ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဉီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဉီးက...

မူဆယ်မြို့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်ပြတ်သွား

သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရွှေလီမြစ်(နမ့်မောဝ်) ကမ်းဘေး နွားခြံတစ်ခုအနီးတွင် ယနေ့ (ဒီဇင်ဘာလ ၂၃) ရက် နေ့လည် ၁ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦး...

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည်...

မူဆယ်မြို့ရှိ အိမ်တစ်လုံး သေနတ်ပစ်ခတ် ဓားပြတိုက်ခံရ၊ အမျိုးသား ထိခိုက်ဒဏ်ရာများ ရရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံး သေနတ် ပစ်ခတ် ဓားပြတိုက်ခံရပြီး အိမ်ရှင် အမျိုးသားက ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံးသို့...

မူဆယ်မြို့ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သား ဝင်ရောက်နေထိုင်နေ

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲနေထိုင်မှု ပြုလုပ်နေသဖြင့် ဒေသခံများ ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) မွန်းလွဲပိုင်းအချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းအနီးမှ လူနေအိမ်များအတွင်း အင်အား ၁၅၀ နီးပါးရှိ စစ်ကောင်စီ တပ်သားများက နှစ်နေရာခွဲ၍...

မူဆယ်မြို့နယ်အတွင်း စစ်တပ်လေယာဉ် နေစဉ်ပျံဝဲနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံ့ဝဲနေပြီး အရပ်သားများက နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၇ ရက် ) မွန်းလွှဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံ့ဝံနေလျက်ရှိပြီး မူဆယ်မြို့ ဘောလုံးကွင်းမှာ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက...

နမ့်ခမ်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၇ နာရီခွဲအချိန်ခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်မရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်ပေါ် ကျည်ကျကာ ‌အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း...

မူဆယ်ရက်ရှည်လျှပ်စစ်ပြတ်တောက် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးကျသူများ ရေနစ်သေဆုံး

မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံများ ရွှေလီမြစ်(နမ့်မောဝ်း)ထဲသို့ ရေဆင်းချိုးနေကြစဉ် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယခု သီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေများပြတ်လပ်သဖြင့် ဒေသခံများသည် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးရသည့်အဆင့်ထိ ဖြစ်ခဲ့ပြီး အဆိုပါ မြစ်ထဲသို့...

မူဆယ်မြို့ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ - တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့တွင် ဖုန်းဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ရှိ တောင်ရပ်ကွက် 999 ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း...

Latest news