မူဆယ်မြို့ရှိ အိမ်တစ်လုံး သေနတ်ပစ်ခတ် ဓားပြတိုက်ခံရ၊ အမျိုးသား ထိခိုက်ဒဏ်ရာများ ရရှိ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံး သေနတ် ပစ်ခတ် ဓားပြတိုက်ခံရပြီး အိမ်ရှင် အမျိုးသားက ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံးသို့ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား (၆) ဦး ရောက်ရှိလာပြီး သေနတ်ပစ်ခတ် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ရှင်အမျိုးသမီးက ဆွမ်းဟင်းသွားဝယ်တဲ့အချိန်၊ သူတို့အိမ်အကူက အိမ်ရှေ့ တံမြက်စည်း လှည်းနေတဲ့ အချိန်မှာ ဓားပြတိုက်တဲ့အဖွဲ့က ဝင်လာတာ။ သေနတ် ၅ ချက်လောက် ပစ်သွားတယ်။ အိမ်သားတွေကိုလည်း လက်ပြန်ကြိုးတုတ်ပြီး အခန်းထဲ ထည့်ပိတ်ထားတာ၊ အိမ်ရှင်အမျိုးသားကတော့ သူတို့ပစ်လိုက်လို့ ကွဲသွားတဲ့ မှန်စတွေ ထိမှန်ဒဏ်ရာရထားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မှန်စ ထိမှန်ဒဏ်ရာရထားသည့် အမျိုးသားသည် လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေလျက်ရှိကြောင်းလည်း သိရသည်။

“အိမ်ထဲဝင်ပြီးသူတို့ ရှာတာမတွေ့လို့ ဖုန်းကိုပဲ ယူသွားတယ်၊ ကျန်တာတော့ မယူဘူး။ အိမ်တွင်းပစ္စည်းတွေတော့ ဖျက်ဆီးခံရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုထားသည်။

ဓားပြတိုက်ခံရသည့် နေအိမ်သည် ကောင်းရောင်းကောင်းဝယ်ဖြင့် စီးပွားရေးလုပ်နေကြ သည့် အရပ်သားများသာ ဖြစ်သည့်အတွက် လက်နက်ကို ရှာမတွေ့ခြင်း ဖြစ်နိုင်ကြောင်း လည်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အတွက် ပစ်ခတ်မှု၊ ဓားပြတိုက်မှု နှင့် ပြန်ပေးဆွဲမှုများကလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ထို့အပြင် လက်ရှိအချိန်ထိ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ စစ်ရေးတင်းမာမှုများလည်း ရှိနေသေးသည့်အတွက် ပြည်သူများက စစ်ရေး၊ လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...