မူဆယ်မြို့ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သား ဝင်ရောက်နေထိုင်နေ

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲနေထိုင်မှု ပြုလုပ်နေသဖြင့် ဒေသခံများ ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) မွန်းလွဲပိုင်းအချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းအနီးမှ လူနေအိမ်များအတွင်း အင်အား ၁၅၀ နီးပါးရှိ စစ်ကောင်စီ တပ်သားများက နှစ်နေရာခွဲ၍ လာရောက် တပ်စွဲနေထိုင်သဖြင့် ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရကြောင်း မူဆယ်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“မနေ့ကတော့ ဒေသခံတွေ ထွက်ဖို့လာပြောတာ။ စစ်ကောင်စီတပ်သား ၈၀ လောက်က တစ်နေရာမှာ နေတယ်။ သူတို့နှစ်နေရာခွဲပြီး နေကြတာ။ အင်အား စုစုပေါင်းက ၁၅၀ နီးပါးလောက်ရှိတယ်။ သူတို့နဲ့ နည်းနည်းဝေးတဲ့သူတွေကိုတော့ အိမ်ပြင်မထွက်ဖို့ ပြောတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူနေအိမ်အတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်နေထိုင်သောကြောင့် အိမ်ခြေ ၁၀ ရှိ လူဦးရေ ၂၀ ခန့်က အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှ ရွှေလီမြစ် (နမ့်မောဝ်း)ကမ်းဘေး ကပ်လျက်ရှိ ဟိုမွန်ရပ်ကွက်ရှိ လူနေအိမ်အတွင်း ဝင်ရောင်တပ်စွဲနေထိုင်မှု ပြလုပ်ရခြင်းသည် မြစ်ကမ်းတလျှောက် ညီနောင်မဟာမိတ်မဟာမိတ်တပ်ဖွဲ့များ စစ်ကြောင်းထိုးစစ်ဆင်လာသည့် သတင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

မူဆယ်မြို့

“အခုရွှေလီမြစ်အတိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်လာနေတယ်လို့ ကြားတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက အခုလို လူနေအိမ်ရပ်ကွက်မှာ ဝင်နေပြီးတော့ နေရယူထားတာ ဖြစ်နိုင်တယ်”ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) မွန်းလွဲပိုင်းအချိန်တွင် မူဆယ်မြို့ရှိ ဘောလုံးကွင်းတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ရိက္ခာလာချသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ သျှမ်းမြောက်ဒေသ မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးတိမ်းရှောင်သည့် ဒေသခံ (၈၀၀၀) ကျော်သည် စားနပ်ရိက္ခာ အရေးပေါ် အကူအညီ လိုအပ်နေသကဲ့သို့ မူဆယ် – နမ့်ခမ်း ကားလမ်းများ ပိတ်ထားခြင်းကြောင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးရှောင်များအတွက် ဆေးဝါး အခက်အခဲ ဖြစ်နေလျက်ရှိကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...