နမ့်ခမ်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၇ နာရီခွဲအချိန်ခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“မနေ့ကပဲ ၂ နေရာ ဗုံးလာကြဲတာ။ မနေ့ည ၇ နာရီခွဲကျော်လောက် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာချသွားတာ။ အခုဖြစ်တာက ရဲစခန်းအနောက်မှာ ဖြစ်တာ။ TNLA တပ်သားတွေက ရဲစခန်းထဲမှာ တပ်စွဲထားတယ်လို့ပြောတယ်။ ပေါက်နေရပ်က အရင်ကတည်းက စစ်ဘေးရှောင်နေကြတော့ လူထိခိုက်တာတော့ မသိရသေးဘူး”ဟု နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဒီဇင်ဘာလ ၇ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းနေအိမ်

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက် ညအချိန်ကလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း မူဆယ်မြို့နယ် စယ်လန့်ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့က ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၆ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူနေအိမ် ၂၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း နမ့်ခမ်းမြို့စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...