မူဆယ်မြို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့တွင် ကျည်ထိမှန်

ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီ မှရဟတ်ယာဥ်ဖြင့် မူဆယ်မြို့ပေါ် လှည့်နေချိန် ညီနောင်မဟာမိတ်တပ်ဖွဲ့ မှ မြေပြင်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုကျည်ကြောင့် ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လှည့်နေချိန်မှာ မြေပြင်ကနေ လှမ်းပစ်တာ ရဟတ်ယာဥ်ကို မထိဘဲ လူကိုလာထိတာ။ အဲ့ချိန်တုန်းက အမျိုးသမီး ဝက်တွေကို အစာကျွေးနေချိန်ပါ။ အမျိုးသမီးရဲ့ပေါင်ထိသွားတာ” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦး က ဆိုသည်။

ထို့ပြင် မူဆယ်မြို့ နေ့လည် ၁နာရီခွဲကျော်ခန့်တွင်လည်း စစ်ကောင်စီတို့၏ ရဟတ်ယာဉ် အတက်အဆင်း လုပ်နေသည့်အချိန် ညီနောင်မဟာမိတ်တို့ ပစ်ခတ်လိုက်သောကျည်များသည် ရွှေသမင်ကျောင်းနှင့် ဟိုနားရပ်ကွက်ရှိ နေအိမ်များကိုလည်း ထိခိုက်ခဲ့ ကြောင်းဒေသခံများက ထပ်လောင်းပြောသည်။

မူဆယ်မြို့ပေါ်ကျသည့်ကျည်

မူဆယ်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီမှ ရဟတ်ယာဥ်လာရောက်ပျံ့ဝဲပြီး အတက်အဆင်း ပြုလုပ်နေသဖြင့် မူဆယ်ဒေသခံများသည် တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် တရုတ်ပြည် ကျယ်ဂေါင်ဘက်သို့ ဒေသခံ အချို့ သွားရောက် ရွှေ့ပြောင်းနေကြပြီး၊ အချို့သည် မန္တလေးမြို့ဘက်သို့ တိမ်းရှောင်နေကြရသည်။

” မူဆယ်ဒေသခံတွေ ပိုက်ဆံရှိတဲ့သူတွေကတော့ မန္တလေး ဆင်းပြီးသွားနေကြတာရှိသလိုတရုတ်ပြည် ကျယ်ဂေါင်ဘက်ကို တိမ်းရှောင်နေကြတယ်။ ကျနော်ဆိုရင် ညနေ တရုတ်ပြည်ဘက်သွားနေတယ်။ နေ့လည်ဆိုရင် မူဆယ်ဘက်ပြန်လာတယ်။ ညညဆိုရင် စစ်တပ်က လေကြောင်းဗုံးကြဲတက်လို့လေ” ဟု အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် ယမနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင်လည်း ဟိုနားရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အကြာ သျှမ်းမြောက်ရှိ ရွှေလီ(ထုန့်မောဝ်း) ဒေသတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၉ ထောင်ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...