Wednesday, January 28, 2026

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့တွင် ကျည်ထိမှန်

ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီ မှရဟတ်ယာဥ်ဖြင့် မူဆယ်မြို့ပေါ် လှည့်နေချိန် ညီနောင်မဟာမိတ်တပ်ဖွဲ့ မှ မြေပြင်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုကျည်ကြောင့် ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လှည့်နေချိန်မှာ မြေပြင်ကနေ လှမ်းပစ်တာ ရဟတ်ယာဥ်ကို မထိဘဲ လူကိုလာထိတာ။ အဲ့ချိန်တုန်းက အမျိုးသမီး ဝက်တွေကို အစာကျွေးနေချိန်ပါ။ အမျိုးသမီးရဲ့ပေါင်ထိသွားတာ” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦး က ဆိုသည်။

ထို့ပြင် မူဆယ်မြို့ နေ့လည် ၁နာရီခွဲကျော်ခန့်တွင်လည်း စစ်ကောင်စီတို့၏ ရဟတ်ယာဉ် အတက်အဆင်း လုပ်နေသည့်အချိန် ညီနောင်မဟာမိတ်တို့ ပစ်ခတ်လိုက်သောကျည်များသည် ရွှေသမင်ကျောင်းနှင့် ဟိုနားရပ်ကွက်ရှိ နေအိမ်များကိုလည်း ထိခိုက်ခဲ့ ကြောင်းဒေသခံများက ထပ်လောင်းပြောသည်။

မူဆယ်မြို့ပေါ်ကျသည့်ကျည်

မူဆယ်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီမှ ရဟတ်ယာဥ်လာရောက်ပျံ့ဝဲပြီး အတက်အဆင်း ပြုလုပ်နေသဖြင့် မူဆယ်ဒေသခံများသည် တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် တရုတ်ပြည် ကျယ်ဂေါင်ဘက်သို့ ဒေသခံ အချို့ သွားရောက် ရွှေ့ပြောင်းနေကြပြီး၊ အချို့သည် မန္တလေးမြို့ဘက်သို့ တိမ်းရှောင်နေကြရသည်။

” မူဆယ်ဒေသခံတွေ ပိုက်ဆံရှိတဲ့သူတွေကတော့ မန္တလေး ဆင်းပြီးသွားနေကြတာရှိသလိုတရုတ်ပြည် ကျယ်ဂေါင်ဘက်ကို တိမ်းရှောင်နေကြတယ်။ ကျနော်ဆိုရင် ညနေ တရုတ်ပြည်ဘက်သွားနေတယ်။ နေ့လည်ဆိုရင် မူဆယ်ဘက်ပြန်လာတယ်။ ညညဆိုရင် စစ်တပ်က လေကြောင်းဗုံးကြဲတက်လို့လေ” ဟု အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် ယမနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင်လည်း ဟိုနားရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အကြာ သျှမ်းမြောက်ရှိ ရွှေလီ(ထုန့်မောဝ်း) ဒေသတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၉ ထောင်ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...