သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။

ထုန်မောဝ်း စစ်ရှောင်များ

အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ဘေးလွှတ်ရာ မြို့နယ်အသီးသီးသို့ ထွက်ပြေးတိမ်း ရှောင်နေရဆဲ ဖြစ်သည်။

 လက်ရှိ စစ်ဘေးရှောင် စုစုပေါင်း ၉ ထောင်ကျော်ထဲတွင် နမ့်ခမ်းမြို့မှ ၃,၇၉၀ ဦး၊ မူဆယ်မြို့မှ ၂,၂၃၂ ဦးနှင့် ရွှေလီမြစ်ဘေးရှိ သျှမ်းရွာ (၁၉) ရွာအုပ်စုမှ ၃,၃၆၈ ဦးတို့ ဖြစ်ကြသည်။

“တချို့တွေလည်း နေရပ်ပြန်သွားတဲ့သူတွေ ရှိတယ်။ ပြန်လို့ရတဲ့သူတွေက ပြန်ပေါ့နော်။ ဒါပေမယ့် တချို့တွေကပဲ ပြန်နိုင်တာပါ။ အများစုတော့ မပြန်နိုင်သေးဘူး။ အခုအခြေအနေကို စောင့်ကြည့် နေရတုန်းပဲ။ ဒီရက်ပိုင်း တိုက်ပွဲငြိမ်နေတယ်ဆိုပေမယ့် ဆက်လက်လာနိုင်တဲ့ အလားအလာရှိနေတယ်”ဟု စစ်ဘေးရှောင် ကော်မတီတစ်ဦးက ပြောသည်။

ထုန်မောဝ်းဒေသ စစ်ရှောင်များ

တိုက်ပွဲကြားပိတ်မိနေသည့် မန္တလေးမြို့၊ လားရှိုးမြို့နယ်၊ သီပေါနှင့် ကျောက်မဲ ဒေသခံများသည် ယခင်က အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသော လမ်းပိုင်များအား ပြန်လည်အသုံးပြုပြီး နေရပ်ပြန်သွားကြသည်။ 

တစ်ဖက်တွင် စစ်ဘေးရှောင်စခန်းမှနေ၍ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ထံ တစ်ခါသုံးကတ် TBP ပြုလုပ်ပြီး တရုတ်ပြည်ရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း မူဆယ်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ နေ့တိုင်းတရုတ်ပြည်ဘက်ကို ဝင်နေတယ်။ တချို့က အနီရောင် စာအုပ်မရှိလို့ တစ်ခါသုံးကတ်ပြုလုပ်ပြီး ဝင်နေတယ်။ အလှည့်ကျပြီး ဝင်နေတာပေါ့။ ပုံမှန်ကတော့ ကျပ်ငွေ ၂ ထောင်လောက်ကုန်တယ်။ ဒါပေမယ့် အရေးတကြီးဝင်စရာရှိရင်တော့ နေရာကို ကျပ်ငွေ ၅ သိန်းလောက် ပေးဝယ်ပြီး ဝင်နေတာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းမြောက်ဒေသရှိ မြို့နယ်  ၁၆ ခုမှာ ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၂၀,၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...