မူဆယ်ရက်ရှည်လျှပ်စစ်ပြတ်တောက် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးကျသူများ ရေနစ်သေဆုံး

မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံများ ရွှေလီမြစ်(နမ့်မောဝ်း)ထဲသို့ ရေဆင်းချိုးနေကြစဉ် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

မူဆယ် နမ့်မောဝ်း ရေချိုးဆင်း

ယခု သီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေများပြတ်လပ်သဖြင့် ဒေသခံများသည် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးရသည့်အဆင့်ထိ ဖြစ်ခဲ့ပြီး အဆိုပါ မြစ်ထဲသို့ ရေဆင်းကြသူ ၃ ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ အခုမူဆယ်မှာ မီးမလာ၊ ရေမရှိတော့ ရွှေလီမြစ်ထဲကို ရေဆင်းချိုးတဲ့ လူတွေအများကြီးရှိတယ်။ အဲ့လို ရေဆင်းချိုးကြတဲ့လူတွေ သုံးရက်ဆက်တိုက် ၃ ယောက် ဆုံးသွားပြီ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

မူဆယ် နမ့်မောဝ်း ရေချိုးဆင်း ရေနစ်သေဆုံး

ရေနစ်သေဆုံးသူများမှာ အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်ကြသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးခြင်း မပြုလုပ်ကြရန် တိုက်တွန်းလိုပါသည်။

ယခင်တွင် ရွှေလီမြစ်ကမ်းတလျှောက်၌ သဲထုတ်ယူမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့သောကြောင့် လက်ရှိ မြစ်ရေအောက်၌ သဲဝဲကျင်း ပုံသဏာန် ကျန်ရစ်နေပြီး ရေဆင်းချိုးကြသူများသည် ရေဝဲစုပ်ခံ နေရကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ အရင်က မြစ်ကမ်းတလျှောက်မှာ သဲတွေစုတ်ထုတ်တာရှိတယ်။ သဲထုတ်လုပ်ငန်းတွေ ရှိတယ်။ အဲ့မှာ သူတို့သဲတွေ ထုတ်ယူပြီးနောက်ပိုင်း သဲဝဲကျင်းတွေ ရှိတယ်။ အဲ့ဒါကို ရေတိမ်တယ်ဆိုပြီး ကူးကြ၊ ချိုးကြတော့ ဝဲစုပ်တာခံရတာလေ။ ဖြစ်နိုင်ရင်တော့ မြစ်ထဲမှာ ဆင်းမချိုးဘဲ ရေခွက်နဲ့ ခပ်ချိုးရင်ကြဖို့ ပြောချင်ပါတယ် “ ဟု ၎င်းဒေသခံတစ်ဦးက တိုက်တွန်းထားသည်။

ထို့အပြင် မူဆယ်မြို့ရှိ ရွှေလီမြစ်တွင် လူငယ်များ အုပ်စုဖွဲ့၍ ရေဆင်းကူး၊ ပျော်ပါးကြသဖြင့် ရေနစ်မှုများ၊ သေဆုံးမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...