မူဆယ်မြို့နယ် စစ်ကောင်စီတပ် အချင်းချင်း ပစ်ခတ်မှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁) ရက်တွင် မူဆယ်မြို့နယ်၊ မန့်ဝိန်းရပ်ကွက်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်အချင်းချင်း အထင်လွဲ စကားများကြပြီး သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု အထိ ဖြစ်ခဲ့ကြကြောင်း ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြဿနာ အစက ကားတွေ မရှောင်ပေးလို့ စကားများကြတာနဲ့ တူတယ်၊ သေချာတော့ မသိဘူး။ အဲ့ဒီနောက်မှာ အပြန်အလှန် ဆဲဆိုကြပြေး သေနတ်နဲ့ပါ ပစ်ချကြတာ။ ၁၀ မိနစ်ကျော် ကြာပြီးမှ ပစ်ခတ်မှုအသံတွေ ငြိမ်သွား တယ်။ နှစ်ဖက်စလုံးလည်း ထိခိုက်မှုတွေ ရှိသွားကြတယ်လို့ သိရတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော် လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် လမ်းကြားအတွင်းရှိ အရပ်သား နေအိမ် အုတ်တံတိုင်းလည်း ကျည်ဆန်ထိမှန်မှု ရှိသည့် အပြင် လူသူ ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် စစ်ကောင်စီ တပ်ဖွဲ့သည် တပ်မ ၉၉ လက်အောက်ခံ တပ်သားများနှင့် ခလရ ၂၉၀ လက်အောက်ခံ တပ်သားများ ဖြစ်ကြပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် လူစုခွဲသွားကြကြောင်းလည်း သိရသည်။

“ခလရ ၂၉၀ ဆိုတာက ဒီမူဆယ်မြို့ထဲ လောင်းကစားဝိုင်းတွေ၊ KTV တွေ ၊ Bar တွေမှာ လှည့်ပြီး လုံခြုံရေးယူပေးတာ အရင်ကတည်းက သွားလာလှုပ်ရှားမှု ရှိခဲ့တယ်။ တပ်မ ၉၉ ကတော့ စယ်လန့်ဘက် တိုက်ပွဲ ဖြစ်နေတဲ့ အချိန်တုန်းက ရောက်လာတဲ့အဖွဲ့ပေါ့။ အဲ့မှာ သူတို့ တပ်အချင်းချင်းပဲ ပစ်ခတ်ကြပြီး လူစုခွဲသွားတာပဲ” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
မူဆယ်မြို့နယ်သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့် အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ စုံလင် ပေါများသည့် နယ်မြေဒေသလည်း ဖြစ်ရာ မကြာခဏ ဆိုသလို ပစ်ခတ်မှုများ၊ ခိုးဆိုးလုယက်၊ ဓါးပြတိုက်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် လက်ရှိ အချိန်၌ မူဆယ်မြို့နယ် နှင့် အနီးတဝှိက်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ စစ်ရေး တင်းမာမှု အခြေအနေများလည်း ရှိနေသည့် အတွက် ဒေသခံ ပြည်သူများ အနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရသည့် ကာလလည်း ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...