မူဆယ်မြို့တွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၊ နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို အလုအယက် ပြုလုပ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ဒေသခံများသည် တရုတ်နှစ်သစ်ကူးပြီးနောက် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် ပြုလုပ်နေကြကြောင်း စုံစမ်းသိရသည်။

မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ ပန်ဆိုင်း၊ မန်ဟီးရိုး၊ မုံးကိုးနှင့် နမ့်ခမ်းမြို့များမှ ဒေသခံပြည်သူများသည် တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလ ၈/၉ ရက်နောက်ပိုင်း တိုက်ပွဲစိုးရိမ်မှုနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ကို အလုအယက် ပြုလုပ်နေကြကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“တရုတ်နှစ်သစ်ကူးပြီးတော့ တိုက်ပွဲပြန်ဖြစ်မှာ ကြောက်တော့ တရုတ်ပြည်ဝင်ဖို့ စာအုပ်အနီကို အလုအယက် လုပ်နေရတယ်။ လဝကရုံးကနေ ဂေါက်ကွင်းအထိ တန်းစီစောင့်တာ လူထောင်ချီ ရှိမယ်။ တချို့လည်း လဝကကို ပိုက်ဆံပေးပြီး အလှည့်ကျော်ကြတယ်၊ တချို့ကျတော့ တန်းစီပြီး နေရာပြန်ရောင်းစားတဲ့လူလည်း ရှိတယ်”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (BP) ၁ နှစ်သက်တမ်း ကုန်မည့်သူများနှင့် စာအုပ်အသစ် လျှောက်ထားခြင်းများကို ခရိုင်လဝကရုံးတွင် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်မှ ဒေသခံများကို သတ်မှတ်ရက်အတွင်း အလှည့်ကျ လုပ်ဆောင်ပေးနေကြောင်း မူဆယ်ခရိုင် လဝကရုံးက အသိပေး ကြေငြာထားသော်လည်း ပွဲစားများမှတဆင့် ဈေးအဆမတန် ပေးကာ ပြုလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်နေရာတည်း လုပ်လို့မပြီးဘူး၊ လဝကရုံးမှာ စာရင်းသွင်း ဖောင်တင်ပြီးလို့ စာအုပ်ရရင် အလယ်ပေါက် နန်းတော်ဂိတ်မှာ တုံးလာထုရသေးတယ်။ ၁ နှစ်ခံ စာအုပ်က တစ်ရက်ကို ၃၀၀ ကျော်ပဲ ထုတ်ပေးတော့ တချို့လူတွေ ညအိပ်စောင့်ရတယ်။ တစ်ခါသုံးကဒ်ဆိုရင်တော့ နောက်ထပ်တစ်နေရာမှာ ကဒ်လုပ်ပြီး တခါတည်း ဝင်သွားလို့ ရပြီပြောတယ်”ဟု မူဆယ်မြို့မှ ၎င်း‌ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များ၌ တိုက်ပွဲငြိမ်သက်နေသော်လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် တရုတ်နိုင်ငံသို့ သွားရောက်၍ အလုပ် လုပ်ကိုင်နိုင်ရန် ၁ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် တိုးဝှေ့လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ်ကလည်း နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ကို ကြားခံပြုလုပ်ပေးသည့် ပွဲစားများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက်ကြောင့် နန်းတော်ဂိတ် အလယ်ပေါက်၌ မှတ်ပုံတင်နှင့် စာရွက်စာတမ်းများ စွန့်ပစ်ခံရကာ ၎င်းတို့ထံ ပေးဆောင်ထားသည့် အခကြေးငွေများလည်း ဆုံးရှုံးခဲ့ရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...