Tuesday, April 30, 2024

ပန်ဆိုင်း-မူဆယ် ကားလမ်း နှစ်ဘက်တပ် အပြိုင်အဆိုင်ပိတ်ထား

Must read

သျှမ်ပြည် ပန်ဆိုင်း- မူဆယ် ကားလမ်းအသုံးမပြုရန် စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ MNDAA တို့ အပြိုင်အဆိုင် တားမြစ်ထားကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်းမြို့

သျှမ်းပြည် ပန်ဆိုင်းမြို့နှင့်် မူဆယ်မြို့သွားရာလမ်းတကြောတွင် တိုက်ပွဲများငြိမ်နေပါသော်လည်း သွားလာရန်ခက်ခဲနေပြီး မူဆယ်မြို့သို့ ရောက်ရှိနေသော ပန်ဆိုင်းစစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေကြောင်း ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်ကိုရောက်နေတဲ့ ပန်ဆိုင်းစစ်‌ဘေးရှောင်တွေ ပြန်လာဖို့ Asia World မှာစောင့်နေတဲ့ စစ်ကောင်စီတွေက ပေးမသွားဘူး။ ပန်ဆိုင်းကနေ စစ်ဘေးရှောင်တွေကို သွားခေါ်မယ်ဆိုလည်း ကိုးကန့်တပ်တွေက ပေးမသွားဘူး။ပေးမလာဘူး။ပေးမသွားဘူးဆိုတာက ကိုကန့်တွေကို ရိက္ခာပို့မှာဆိုးလို့နေမယ်။ သူတို့ စစ်ကောက်ပြီး အင်အားဖြည့်မှာဆိုးလို့ အဲ့ကြောင့် စစ်ဘေးရှောင်တွေကို ပေးမပြန်တာ။” ဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့ စားသောက်ကုန်ပစ္စည်းများကို တရုတ်ပြည်နှင့် မူဆယ်မှ တဆင့် တင်သွင်းရောင်းချ၍ ဝယ်ယူအသုံးပြုနေရသည်။

ထို့ကြောင့် ကုန်ဈေးနှုန်းများလည်းမြင့်တက်နေသည်။

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် ဒီဇင်ဘာလ လလယ်မှစ၍ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှ တဆင့် သွယ်တန်းပေးပြီး တစ်ယူနစ်လျှင် တရုတ်ယွမ်ငွေ ၂ ယွမ် (မြန်မာငွေ ၈၀၀ ကျပ်) ဖြင့် MNDAA ထံပေးသွင်းပြီး ပန်ဆိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းခန့်သော နေအိမ်များသည် တရုတ်နိုင်ငံမှ လာသော လျှပ်စစ်မီးများကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article