မူဆယ်
တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။ ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။ “အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင်...
မူဆယ်မြို့ လွယ်တိန်ခမ်း သာသနာ့နယ်မြေကို ပွဲစားများ ကျူးကျော် မြေကွက်ရိုက်ပြန်ရောင်း
SHAN -
သျှမ်းပြည် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ သာသနာ့နယ်မြေကို ပွဲစားများ ပိုင်နက်ကျူးကျော်ကာ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ တိုက်ပွဲကြား အခွင့်ကောင်းယူပြီး မြေပွဲစားများနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပြင်နှင့် အနီးအနားရှိ မြေလွတ်မြေရိုင်းများကို ခွဲတမ်းကျ အကွက်ရိုက်ပြီး...
ရွေးကောက်ပွဲအတွက် မူဆယ်ရောက် ရွှေ့ပြောင်းလာသူများကို အိမ်ထောင်စုစာရင်းအသစ် လုပ်ပေး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) က အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပရန် ကြေညာထားသည်။ သို့သော်လည်း မေလဆန်းပိုင်းမှ စတင်ပြီး...
မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်တရုတ်များကို FDMR မီးနဂါးတပ် လွှဲပေး
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို FDMR မီးနဂါးတပ်တော်မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နံနက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှတဆင့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ...
မူဆယ်မြို့ပေါ် ကျားဖြန့်လုပ်ကိုင်သူများကိုစစ်ကောင်စီက နေအိမ်ထိ လိုက်လံရှာဖွေ ဖမ်းဆီးနေ
စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ လုံခြုံရေးယူထားသော တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူများကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှစ၍ မူဆယ်မြို့ပေါ် ရှိ ရပ်ကွက်များအနက်...
မူဆယ်မြို့ စစ်ကောင်စီက ကျားဖြန့်လုပ်သူများကို ဖမ်းဆီးမှု ပြန်လုပ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် ယခုရက်ပိုင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်ဖိအားမှုကြောင့် မူဆယ်မြို့ကို စစ်ကောင်စီတပ်သားများက ယခုရက်တစ်ပတ်အတွင်း စွမ်းစော်ရပ်ကွက်၊ ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက် စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့ကြောင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်...
မူဆယ် သိန်းသန်းချီကားကွင်း စစ်ဆေးမှုတင်းကြပ် ကုန်ကားများမဝင်ရဲ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်နေပြီး မြို့ထဲသုိ့ ကုန်တင်ကားများ မဝင်ရဲဖြစ်နေကြောင်း ကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၂ ရက်မှစတင်၍ မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက...
မူဆယ်မြို့ အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ပြန်ပေးဆွဲ
သျှမ်းပြည် မူဆယ်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၄ ရက်) မနက် ၁၀ နာရီခွဲကျော် မူဆယ်မြို့ ကောင်းမူးလွယ်ရပ်ကွက် မီးကင်းရုံးအနီး တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက တားပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်မြို့...
မူဆယ်မြို့ သေနတ်အတု ပြည်သူ့စစ်ယောင်ဆောင်သည့် အမျိုးသား (၃)ဉီး ဖမ်းဆီးခံရ
သျှမ်းပြည် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ကို ပြည်သူစစ်ယောင်ဆောင်ပြီး သေနတ်အတုဖြင့် သွားလာနေသည့် အမျိုးသား (၃)ဉီးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၈ )ရက် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ကို အမျိုးသား (၃)ဉီးသည် ပြည်သူ့စစ် ဝတ်စုံဝတ်ဆင်ကာ သေနတ်အတုဖြင့် ဖြတ်သွားဖြတ်လာပြုလုပ်ပြီး...
မူဆယ်မြို့ မူးယစ်ဆေးသုံးစွဲသည့် မန်ပြိန်းပြည်သူ့စစ်အချင်းချင်း သေနတ်ပစ်ခတ်ပြီး အလောင်းမီးရှို့ဖျက်ဆီး
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင် အချင်းချင်း မူးယစ်ဆေးသုံးစွဲကာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၁၉) ရက် ညပိုင်းတွင် မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဧက (၄၀) ဘက်တွင် စစ်ကောင်စီလက်အောက်ခံ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် အရက်သောက်သုံးပြီးနောက်...





