မူဆယ်သို့ လိမ်လည်ခေါ်ဆောင်ခံရသည့် မိန်းကလေးတစ်ဦး နောက်ကျောဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်

တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ပွဲစားများက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူမှုကူညီရေး ပရဟိတအဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဧပြီလ ၆ ရက်) ည ၁၁ နာရီခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့ပတ်လမ်း ဟိုနားကျေးရွာအနီး လမ်းပေါ်တွင် အဝတ်အစားများ ပေကျံလျက် ပြေးလွှားနေသည့် အဆိုပါ အမျိုးသမီးငယ်ကို မေတ္တာပန်းခင်း ပရဟိတအသင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အသက် (၂၀) နှစ်အရွယ်သာ ရှိသေးသည့် အဆိုပါ မိန်းကလေးသည် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှ သျှမ်းပြည် လားရှိုးမြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေစဉ် ပွဲစားများ၏ စည်းရုံးမှုဖြင့် မူဆယ်မြို့ဘက်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် မေတ္တာပန်းခင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူ့နောက်ကျောတွေမှာ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ အများကြီးရှိတယ်။ မိန်းကလေးဆိုတော့ အကုန် မကြည့်မိပေမယ့် သူလှန်ပြတဲ့ နေရာမှာတွေတင် တော်တော်များနေပြီ” ဟု ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပွဲစားများက အဆိုပါ မိန်းကလေး၏ လက်ကိုင်ဖုန်းကို သိမ်းဆည်းထားပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြောင်း ဆိုသည်။

ထိုအမျိုးသမီးငယ်၏ ပြောကြားချက်အရ ၎င်းနှင့်အတူ အခြားလူ ၂၀ ဉီးသည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပွဲစားများ၏ စီစဉ်မှုဖြင့် မူဆယ်မြို့ရှိ ခြံဝင်းတစ်ခုအတွင်း အကျယ်ချုပ်သဘော ထိန်းသိမ်းခံထားရကြောင်း ဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသည့် မိန်းကလေးသည် တရုတ်နိုင်ငံသို့ သွားရောက်ရန် ကျန်းမာရေး ဆေးစစ်မှု မအောင်မြင်သောကြောင့် ပွဲစားများ၏ ပစ်ပယ်ခြင်းကို ခံခဲ့ရပြီး မူဆယ်မြို့တစ်နေရာတွင် ထိန်းသိမ်းခံထားရသည့် ခြံဝင်းမှ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း မေတ္တာပန်းခင်း ပရဟိတအသင်းက ပြောသည်။

“ဒီမိန်းကလေးက စိတ်ဝေဒနာ နည်းနည်း ခံစားနေရတဲ့အတွက် ပွဲစားတွေက ဂရုမစိုက်ဘဲ ပစ်ထားခဲ့တာလို့ သိရတယ်။ အပြင်ပေးမထွက်တဲ့ နေရာကနေ သူက ခိုးထွက်လာတာ” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောသည်။

အွန်လိုင်း အလုပ်ခေါ်စာ သတိထားရန်

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လာသည့် မိန်းကလေးကို ဆွေမျိုးနှင့် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ယနေ့ (ဧပြီလ ၇ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့မှ လားရှိုးသို့ ခရီးသည်တင်ယာဉ်ဖြင့် ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၂၃ ရက် ညပိုင်းတွင်လည်း မူဆယ်မြို့တွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီး ပြည့်တန်ဆာအလုပ်သို့ အတင်းအဓမ္မ စေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီး (၃) ဦးကို လူမှုကူညီရေး ပရဟိတအသင်းတစ်ခုက ကယ်တင်နိုင်ခဲ့သည်။

“ရှင်းရှင်းပြောရရင် ဒီကိစ္စတွေက ပွဲစားတွေနဲ့ လက်နက်ကိုင်တွေ ပေါင်းလုပ်တာဗျ။ ဒါကြောင့် လူတွေက အမှန်အတိုင်း မပြောရဲကြတာ။ ဒီမြို့က အသက်ကို ဉာဏ်စောင့်ရတဲ့မြို့၊ အကုန်ဖွင့်ပြောလိုက်ရင် ကျနော်တို့ အတွက်ပါ အန္တရာယ်ရှိနိုင်တယ်” ဟု မူဆယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စီးပွားရေး အကြပ်အတည်းများကြားတွင် နယ်စပ်ဒေသသို့ အလုပ်အကိုင်ရှာဖွေရန် လာရောက်ကြသည့် လူငယ်အမျိုးသမီးများအနေဖြင့် ပွဲစားများ၏ မက်လုံးပေး ဖြားယောင်းမှုများကို အထူးသတိထားရန် လူမှုကူညီရေး ပရဟိတအသင်းနှင့် ဒေသခံများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...