မိုးဗြဲ
မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ ၅၁၈ အပါအဝင် တပ်စခန်း ၉ ခုကို တော်လှန်ရေး အင်အားစု သိမ်းပိုက်
SHAN -
နိုဝင်ဘာလ ၁၁ ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” အတွင်း မိုးဗြဲအခြေစိုက်ထားသည့် ခမရ ၅၁၈ အပါအဝင် ခြေကုပ်စခန်း ၉ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း “၁၁.၁၁ စစ်ဆင်ရေး”မဟာမိတ် အင်အားစု များက နိုဝင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။ စစ်ဆင်ရေး စတင်ခဲ့သည့်ရက်တွင် ဝါရီဆူဖလိုင်၊ဒုန်ဒူထန်၊...
သျှမ်း-ကရင်နီ နေရပ်ပြန် စစ်ရှောင်များ တိုက်ပွဲများကြား ထပ်မံပိတ်မိ
SHAN -
သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ ၊ လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆို့အတွင်း စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ပေါင်းစုများက နိုဝင်ဘာ (၁၁)ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ နေရပ်ပြန် စစ်ရှောင်များ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ (၁၁)ရက်တွင် ၁၁.၁၁ စစ်ဆင်ရေး အနေဖြင့် စစ်ကောင်စီ တပ်စခန်းများအား တော်လှန်ရေး...
အခက်အခဲတွေ ကြားထဲက တောင့်ခံနေထိုင်ကြရတဲ့ စစ်ရှောင်များ
SHAN -
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုကို ဖီဆန်မှု ပုံစံမျိုးစုံ သပိတ်ဖြင့် မြို့တိုင်းလိုလို ၃ လကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပြီး ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်းမှာတော့ မြို့ပြတိုက်ပွဲတွေ မြို့တိုင်းလိုလို...
မိုးဗြဲမြို့ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီး တပ်စွဲထားသော စစ်ကောင်စီ စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF မှ ယနေ့ (အောက်တိုဘာ ၁၀) ရက်တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်)...
မိုးဗြဲမြို့ပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၆ နာရီမှစပြီး မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂)၊ ရေကာတာအစောင့်မှ နေ၍ မြို့ပေါ်ရှိ လူနေအိမ်...
စစ်ကောင်စီအတွက် အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများ အရှိန်မြင့်တိုက်ဖျက်သွားမည်
စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများကို အရှိန်မြင့် တိုက်ဖျက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းလိုက်ကြောင်း MBPDF (1001)မှ သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ထောက်တိုင်ယန္တရားများကို ပြိုပျက်နိုင်ရန် အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူလူထုများနှင့်...
လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ တိုက်ပွဲပြင်းထန်၊ ခရီးသွား၊ လာမှု မပြုရန် KNDF သတိပေး
သျှမ်း - ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ လွိုင်ကော် - မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် မသွားလာရန် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF B-02 ၏ ထုတ်ပြန်သတိပေးချက်အရ သိရသည်။ . ပြီးခဲ့သည့် သြဂုတ်...
“မိုးဗြဲ – ပင်လောင်းတွေဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်”
သျှမ်း - ကရင်နီ နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ကရင်နီ မယ်စဲ့မြို့ ၊ ဘောလခဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကရင်နီပြည်တွင်း တိုက်ပွဲ အခြေနေ ဘယ်လိုရှိနေလဲ။ သျှမ်းပြည် ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်ဘက်မှာကော...
မိုးဗြဲ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၂၀ ကျော်သေဆုံး၊ PDF ဘက် ၄ ဦး ကျဆုံး
သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၁) ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသော...
မိုးဗြဲမြို့တွင် တိုက်ပွဲအရှိန့်မြင့်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ
သျှမ်းပြည် မိုးဗြဲမြို့ပေါ်တွင် ယနေ့ (ဇွန်လ ၁၁ )ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ မြို့ဦးရပ်ကွက်နှင့်...





