မိုးဗြဲမြို့ စစ်ကောင်စီ ဒရုန်းများတွင် အဆိပ်ငွေ့ပြားများအသုံးပြုတိုက်ခိုက်

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးများတွင် အဆိပ်ငွေ့ပြားများကို ထည့်ပြီဂ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသား ကားကွယ်ရေးတပ် (KNDF) မှ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်)တွင်ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် မိုးဗြဲမြို့တွင် အခြေစိုက် ထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း- ခမရ (၄၂၂) တပ်သည် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇)၊နှင့် (ဒီဇင်ဘာ ၈ ) ရက်တွင် မိုးဗြဲမြို့နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S – PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုခဲ့ကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟုတ်ပါတယ်သူတို့က ဒရုန်းတွေမှာတပ်ပြီး သုံးတာပါ။ စစ်ကောင်စီတွေက သူတို့ စစ်ရှုံးလာတာနဲ့ အမျှ ဒီလို အဆိပ်ငွေ့တွေကို သုံးမယ်ဆိုတာကို ကျနော်တို့က အစကတည်းကထင်ထား ပြီးသားပါ။သူတို့က မိုးဗြဲနဲ့အနီးတစ်ဝိုက်တွေမှာ သုံးနေတာပေါ့ အတိအကျတော့မပြောတော့ပါဘူး။”ဟု စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့ပေါ်ကြဲချသည့် အဆိပ်ငွေ့တောင့်

ထိုအဆိပ်ငွေ့ပြားများကို ဗုံးသီးများနှင့်အတူ ထည့်သွင်းအသုံးပြုတိုက်ခိုက်ပြီး ထွက်လာသောမီးခိုးများမှ ရှူရှိက်မိသော ရဲဘော်အချို့သည် မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း ၊ အိပ်ချင်လာခြင်း နှင့် အားပျက်ခြင်း စသည့်ဝေဒနာများကို ခံစားရသည်။

ထို့ကြောင့် ထိုနေရာများကို သွားရောက်စစ်ဆေးခဲ့ရာ စစ်ကောင်စီက အဆိပ်ငွေ့သုံးတိုက်ခိုက်သည့် သက်သေများရရှိလာကြောင်းသိရသည်။

စစ်ကောင်စီမှ အဆိပ်ငွေ့ပြားများကိုထည့်သွင်းအသုံးပြုခြင်းကြောင့် အရပ်သားဒေသခံများကို သတိကြီးစွာထား၍ မိမိတို့၏ပတ်ဝန်းကျင်တွင် ဒရုန်းများပျံဝဲနေခြင်း၊တိုက်ခိုက်ခံရသည့် နေရာများတွင် သွားရောက် စူးစမ်းခြင်းမျိုးမလုပ်ဘဲ လုံခြုံနေရာတွင် သတိပြုနေထိုင်ကြရန် (KNDF) မှတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်မှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့အင်အားဖြည့်တင်းပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့နှင့် တင်မာမှုများရှိနေကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၇)ရက် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင်လည်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ ဗုံးများကိုအသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်များအပြင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တပ်သားများလည်း အဆိပ်သင့်ပြီး မူးဝေ အော့အန်ခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...