မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ နေ့စဉ်ဗုံးကြဲ

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့မြောက်ဘက်အစပ်ရှိ စစ်ကေင်စီတပ် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲချနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်သား (PDF)တို့ တိုက်ပွဲဖြစ်ပွားခြင်းသည် (၂)လနီးပါး ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“မြို့တွင်းဖြစ်တာမဟုတ်ဘူး။ မြို့ရဲ့ မြောက်ဖက်အစပ် စစ်တပ် အမှတ် ၄၂၂ ခြေမန်တပ်ရင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။ စစ်တပ်က နေ့တိုင်းဗုံးကြဲတယ် တခါကြဲရင် ၃လုံး ၄ လုံးကြဲချတယ်။ ဒီတစ်မနက်က လက်နက်တွေပစ်တာတော့ မြို့ထဲကျတယ် အခုထိပစ်တုန်းပဲ။ ဒီတခါတိုက်ပွဲက ( ၂) လ နီးပါးလောက်တော့ ရှိနေပြီ”ဟု ၎င်းက ပြောသည်။

မိုးဗြဲ PDF

မိုးဗြဲမြို့၊လွိုင်ကော်နှင့် ဖယ်ခုံမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေပြီး။ စစ်ရှောင်စခန်းများကို ဦးတည်ပြီး မကြာခဏဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အများအပြား သေဆုံးခဲ့ ရကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မကြာခဏစစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်နေသော်လည်း ပြည်သူများသည် အခြားသောနေရာတွင် သွားရောက်ရှောင်နိုင်ရန် နေရာမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲတော့ သူတို့ ပင်လောင်းဘက်ကနေ စဖောက်ဝင်ကတည်းကပေါ့၊ စစ်ရှောင်တွေလည်း ထပ်မံရှောင်စရာနေရာလည်း မရှိတော့ဘူး။ ရှောင်ရင်လည်း လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ဒီတိုင်းပဲ ဆက်နေနေရတယ်။ စစ်တပ်က စစ်ရှောင်စခန်းကို ဦးတည်ပြီးပစ်တော့ သေဆုံးနှုန်းလည်း တော်တော်များလာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇)၊နှင့် (ဒီဇင်ဘာ ၈ ) ရက်တွင် မိုးဗြဲမြို့နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S – PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့အင်အားဖြည့်တင်းပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့နှင့် လက်ရှိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...