မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲပြင်းထန်၊ ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ ယနေ့ (ဧပြီလ ၁၄ ရက်) တွင် တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် ထိခိုက် ကျဆုံးမှုများ ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲမြို့

နာမည်ကျော် မိုးဗြဲ ရေကာတာအနီး တည်ရှိသည့် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်နေသည်မှာ ရက်အတန် ကြာမြင့်နေပြီးဖြစ်ပြီး တပ်ရင်းအနီးရှိ စခန်းငယ်များကို သိမ်းပိုက်ထားသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“တပ်ပေါင်းစုက ဒရုန်းတွေ လက်နက်ကြီးငယ်တွေနဲ့ အင်အားအပြည့်သုံးပြီး တိုက်ခိုက်နေပါတယ်။ တစ်ဦး ကျဆုံးထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိပေမယ့် အတိအကျ မသိရသေးပါဘူး” ဟု ၄င်းက ရှင်းပြသည်။

စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း၏ တဖက်တွင် ရေပြင်ဖြစ်ပြီး တပ်ရင်းအနီး တောတောင်များ မရှိသဖြင့် ခက်ခက်ခဲခဲ တိုက်ခိုက်နေရကြောင်း တော်လှန်ရေးတပ်ပေါင်းစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ခမရ (၄၂၂) တပ်ရင်း တိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီက ဒေသတွင်း လက်နက်ကြီးများ ပစ်ခတ်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့၊ ည ၁၁ နာရီကျော်က ကလေးငယ် အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်။

“လွယ်ယင်းနဲ့ ပီကင်းရွာကို ဗုံးနှစ်ခါ လာကြဲတာ ၃ ယောက်သေတယ်။ ကလေးငယ်ကော” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သေဆံးခဲ့သူများမှာ လွယ်ရင်းရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး၊ အသက် ၁၂ အရွယ် မိန်းခလေးနှင့် အသက် ၃ နှစ်အရွယ် ယေက်ျားလေးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

စစ်ရေးအရ အရေးပါသည့် သျှမ်း-ကရင်နီ နယ်စပ်ဒေသရှိ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များ ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ကို တိုက်ခိုက်နေသည်မှာ ရက်ပေါင်း အတန်ကြာနေပြီဖြစ်ပြီး ယခုတကြိမ် သိမ်းပိုက်နိုင်မည်ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

မိုးဗြဲ #ခမရ_(၄၂၂) #KNDF #ရေကာတာ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...