Tuesday, January 27, 2026

မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲပြင်းထန်၊ ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ ယနေ့ (ဧပြီလ ၁၄ ရက်) တွင် တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် ထိခိုက် ကျဆုံးမှုများ ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲမြို့

နာမည်ကျော် မိုးဗြဲ ရေကာတာအနီး တည်ရှိသည့် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်နေသည်မှာ ရက်အတန် ကြာမြင့်နေပြီးဖြစ်ပြီး တပ်ရင်းအနီးရှိ စခန်းငယ်များကို သိမ်းပိုက်ထားသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“တပ်ပေါင်းစုက ဒရုန်းတွေ လက်နက်ကြီးငယ်တွေနဲ့ အင်အားအပြည့်သုံးပြီး တိုက်ခိုက်နေပါတယ်။ တစ်ဦး ကျဆုံးထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိပေမယ့် အတိအကျ မသိရသေးပါဘူး” ဟု ၄င်းက ရှင်းပြသည်။

စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း၏ တဖက်တွင် ရေပြင်ဖြစ်ပြီး တပ်ရင်းအနီး တောတောင်များ မရှိသဖြင့် ခက်ခက်ခဲခဲ တိုက်ခိုက်နေရကြောင်း တော်လှန်ရေးတပ်ပေါင်းစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ခမရ (၄၂၂) တပ်ရင်း တိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီက ဒေသတွင်း လက်နက်ကြီးများ ပစ်ခတ်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့၊ ည ၁၁ နာရီကျော်က ကလေးငယ် အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်။

“လွယ်ယင်းနဲ့ ပီကင်းရွာကို ဗုံးနှစ်ခါ လာကြဲတာ ၃ ယောက်သေတယ်။ ကလေးငယ်ကော” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သေဆံးခဲ့သူများမှာ လွယ်ရင်းရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး၊ အသက် ၁၂ အရွယ် မိန်းခလေးနှင့် အသက် ၃ နှစ်အရွယ် ယေက်ျားလေးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

စစ်ရေးအရ အရေးပါသည့် သျှမ်း-ကရင်နီ နယ်စပ်ဒေသရှိ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များ ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ကို တိုက်ခိုက်နေသည်မှာ ရက်ပေါင်း အတန်ကြာနေပြီဖြစ်ပြီး ယခုတကြိမ် သိမ်းပိုက်နိုင်မည်ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

မိုးဗြဲ #ခမရ_(၄၂၂) #KNDF #ရေကာတာ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...