Wednesday, January 28, 2026

စစ်ကောင်စီမှအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီအချိန်တွင် ကရင်နီ(ကယား)ပြည်၊ မိုးဗြဲမြို့နယ်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီး (၄) လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်နေသော ဒေါစဲ၊ ရေကန်ရွာသားများ ထိမှန်သေဆုံးခဲ့ကြောင်း Jobs for Kayah မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲမရှိဘဲ၊ ရေဘေးနဲ့ စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေ ရှိနေတဲ့ ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်တာကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ” ဟုပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၀) အရွယ် ကလေးငယ်တစ်ဦးအပါအဝင်စုစုပေါင်း (၄) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“စကစက နယ်မြေစစ်ကြောင်းလုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ပြည်သူတွေ သွားလာ၊ နေထိုင်မှုတွေ အထူးဂရုစိုက်ကြဖို့၊ လက်နက်ကြီး၊ လေယာဉ်ရန်ကိုလည်း ကြိုတင်ကာကွယ်မှုလုပ်ထားဖို့ တိုက်တွန်းပါတယ်” ဟု Jobs for Kayah မှ ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ကောင်စီနှင့် PNO ပင်လောင်းမြို့နယ်မှတဆင့် မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာပြီး မိုးဗြဲ ၄၂၂ တပ်အတွင်း အင်အားစုစည်းထားပြီး မိုးဗြဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ နယ်မြေရှင်းလင်းသည့်အကြောင်းပြချက်ဖြင့် လက်နက်ကြီးများပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။

အလားတူ အောက်တိုဘာလ (၃၁) ရက်နေ့ကလည်း ပင်လောင်းမြို့နယ် ဖယ်ခုံမြို့အစပ်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရန်ပြင်ဆင်နေသည့် ဗန်းမောက်ရွာမှ ပြည်သူများအား စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုန်းကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၁ ရက်နေ့က ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအတွင်းရှိ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်စီးခံရမှုများလည်း ရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOတပ်များနှင့် ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် တိုက်ပွဲများပြန်လည် ပြင်းထန်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...