ပင်လောင်း-ဖယ်ခုံ စစ်ရှောင်အတွက် ရိက္ခာများကို ကူညီရန် အခက်အခဲဖြစ်နေ

သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ တကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရှောင်များအတွက် သွားရောက်ကူညီသူများကို ဓားထောက် စစ်ဆေးကြောင်းစုံစမ်း သိရသည်။

မိုးဗြဲစစ်ရှောင်စခန်း

သျှမ်းပြည် ပင်လောင်း-ဖယ်ခုံး တကြောရှိ စစ်ရှောင်များအတွက် သွားရောက်ကူညီသူများကို ဆောင်ပြောင်း၊ ရင်းမှီးနှင့်နောင်တရား ဂိတ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားထောက်စစ်ဆေးမှုပြုလုပ်သည့်အတွက် သွားရောက် ကူညီရန်ခက်ခဲနေကြောင်း ဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ပစ္စည်းပါတာနဲ့ ပါတဲ့ပစ္စည်းတွေကို ဓားနဲ့ထိုးတာပေါ့။ဆောင်ပြောင်းဂိတ်မှာဆိုရင် သွားပြီးဆိုရင် မှတ်ပုံတင် ထားခဲ့ရတယ် ပြန်လာမှ ပြန်ယူအဲ့လိုတွေလုပ်တယ်ပေါ့နော်။ကျနော်တုန်းကလည်း ပစ္စည်းပါတော့ ဖမ်းမယ် ဘာညာနဲ့ ရစ်တာပေါ့ ပိုင်ဆံတောင်ပေးခဲ့ရတာ။လူကိုလည်းဓားနဲ့ထောက်ပြီးစစ်တာ ရှိတဲ့ ပစ္စည်းတွေကိုလည်း ဓားနဲ့ထိုးတာ စောင်တွေဆိုပြဲကုန်တာ” ဟု ကြုံခဲ့ရသည် အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲစစ်ရှောင်စခန်း

လက်ရှိ စစ်ရှောင် များအတွက် စားနပ်ရိက္ခာ နှင့် စောင်အဝတ်အထည်များကို သွားရောက်ကူညီ လှူဒါန်းရန် အတွက် အခက်ခဲ များဖြစ်ပြီး ပြည်ထောင်စု လမ်းမကြီးအတိုင်းသွားရန်လည်း စိုးရိမ်မှုများရှိနေကြောင်း စစ်ရှောင်ကူညီ သူများကပြောသည်။

“လာကူညီတဲ့လူတွေကိုလည်း သတိထားစေချင်တယ်။ကိုယ်လုံခြုံရေးလည်းကို ပြော အသက်အန္တရာယ်တွေပါ ပါသွားနိုင်တဲ့ အနေအထားပေါ့။အဲ့လာလှူမဲ့လူတွေကိုလည်း သိပ်တော့မလာစေချင်ဘူးပေါ့ အလက်ရှိ အခြေနေက။နယ်ခံတွေတောင်မှ ကြောင့်နေရတဲ့အခြေအနေပေါ့နော်။လာမယ်ဆိုရင်တော့ သတိထားစေချင်တယ်ပေါ့နော်။”ဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အောင်ပန်းဂိတ်၊ နောင်တရားဂိတ် ၊ပင်လောင်းမြို့အဝင်၊အထွက်ဂိတ်၊ရင်းမှီးရွာအနီးနှင့် ဆောင်း ပြောင်းဂိတ်‌ တို့တွင်လည်း စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ် များက စားသောက်ကုန်များ၊ အဝတ်အစားများ၊ မိုးကာများ နှင့် ဆေးဝါးများကို သယ်ယူဖြတ်သန်းရန် မပြုသဖြင့် စစ်ရှောင်များအတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။

သျှမ်းပြည် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်မှ စ၍ စစ်ဆေးမှုများ ငွေတောင်းခံမှုများ ပြုလုပ်ကာ ဆန်၊စားဆီ၊ ခေါက်ဆွဲခြောက်၊ကုလားပဲတွေကို သယ်ယူ ဖြတ်သန်းခွင့် မပြုကြောင်းလည်း သွားရောက်ကူညီသူများကပြောသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...