ကရင်နီ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ခဲ ဆန်ပြုတ်သောက်နေသည့်အဆင့်ရောက်

ကရင်နီပြည်နယ်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ အခက်ခဲကြောင့် ဆန်ပြုတ်သာ စားနေရသည့် အဆင့် ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ စုံစမ်းသိရသည်။

ကရင်နီပြည်နယ်၊ မိုးဗြဲတောင်ဘက်ရှိ စစ်ဘေးရှောင်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် အလှူရှင်များ နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်လာပြီး ကလေးများကို ထမင်းကျွေးကာ လူကြီးများ ဆန်ပြုတ် သောက်နေရသည့် အဆင့်ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေပးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုးဗြဲစစ်ရှောင်စခန်း

“ စစ်ရှောင်က အများကြီးပဲ။ ရိက္ခာက မလောက်ဘူး၊ ကလေးတွေကို ဦးစားပေးတယ်၊ သူတို့ကို ထမင်းကျွေးတယ်။ လူငယ်နဲ့လူကြီးတွေကတော့ ဆန်ပြုတ်ပဲသောက်လိုက်တာ” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသား က ဆိုသည်။

လက်ရှိမှာ မိုးရာသီရောက်ရှိလာသဖြင့် လမ်းပန်းဆက်သွယ်မှု ယခင်ကထက် ပိုခက်ခဲပြီး တစ်နေရာမှ တစ်နေရာသို့ သွားမည်ဆိုပါက အဆင်မပြေကြောင်း၊ စစ်ရှောင်ကို လာရောက်လှူဒါန်းမည့်သူများလည်း လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ကောင်စီမှ လမ်းပိတ်ဆို့မှုကြောင့် မလာနိုင်ကြောင်း စစ်ရှောင်ကူညီသူများက ထပ်လောင်းပြောသည်။

ထို့ပြင် စစ်ရှောင်မိသားစုများသည် အလုပ်အကိုင်မရှိသဖြင့် အလှူရှင်များကိုသား အားကိုးနေရသော်လည်း အလှူရှင်မရောက်ရှိသဖြင့် ဆေးဝါး လုံလောက်မှုလည်း မရှိကြောင်း သိရသည်။

မိုးဗြဲစစ်ရှောင်စခန်း

“ တချို့ စစ်ရှောင်တွေရဲ့ သား၊သမီးက နိုင်ငံခြားကနေပိုက်ဆံပို့တော့အဆင်ပြေတယ်။ ကျနော်တို့ မိသားစု ကလေးတွေလည်း စစ်ရှောင်နေရတော့ ဝင်ငွေမရှိ အလုပ်အကိုင်မရှိတော့ သူများထက် ပိုခက်ခဲတာပေါ့။ ခုကာလမှာ လုပ်စားလို့လည်းမကောင်းဘူး။ စီးပွားရေးလုပ်ဖို့ အရင်းနှီးလည်းမရှိ၊ ရှိတာလည်း မီးထဲပါကုန်ပြီ” ဟု စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးဗြဲတောင်ဘက်တွင် စစ်ရှောင်ဦးရေ သည် နှစ်ထောင်အထက်ရှိပြီး၊ ထိုစစ်ရှောင်များသည် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူများဖြစ်ပြီး၊ လက်ရှိမှာ စစ်ဘေးရှောင်များသည် အလုပ်အကိုင်မဲ့ကာ စားနပ်ရိက္ခာကို ပိုစိုးရိမ်နေရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...