Wednesday, January 28, 2026

မိုးကုတ်

မိုးကုတ်နှင့် မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်တွင်) မိုးကုတ်မြို့ အရှေ့ပိုင်း သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်...

မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်နိုင်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

သျှမ်း-မန္တလေး နယ်စပ်ရှိ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ စတင်ပြီး သျှမ်း-မန္တလေးအစပ် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မန္တလေး-PDF နှင့်...

ဗုံးကြဲနေသည့်ကြားက မိုးကုတ် ကျပ်ပြင် ရဲစခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ကျပ်ပြင် ရဲစခန်းကို ယနေ့ (ဇွန် ၂၇ ရက်) ညနေပိုင်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။ TNLA-PDF ပူးပေါင်းတပ်များ မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်၊...

မိုးကုတ်မှာ ဘာဖြစ်နေလဲ

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...

စစ်ကောင်စီတပ်မှ လေကြောင်းအပြင် ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားအပါအဝင် TNLA တပ်သား ထိခိုက်ကျဆုံး

သျှမ်းပြည် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ကျောက်မဲနှင့် မိုးကုတ်မြို့နယ် အစပ်ရှိ တောင်နီကျေးရွာသို့...

စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်TNLA တပ်သားသုံးဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တပ်သားအဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှသည်။  မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၉)ရက်တွင်  လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးကြဲခဲ့သဖြင့်   TNLA ရဲဘော် သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ “ ၁၀၂၇ စစ်ဆင်ရေး” သည် ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီး ဇန်နဝါရီ လဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ဆွေးနွေးမှုကြောင့် ရပ်တန့်သွားခဲ့သည်။  စစ်ရေး ရပ်တန့် မှု ၅လကျော် ကြားပြီးနောက်...

မိုးကုတ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အပစ်ရပ်စာချုပ်ချိုးဖောက်မှု တုံ့ပြန်သွားမည်ဟု TNLA ပြော

သျှမ်း-မန္တလေး နယ်စပ် မိုးကုတ်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ (၄) ရက် ည ၈ နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ-၇၁ တို့က...

မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ

မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို...

မိုးမိတ် – မိုးကုတ်လမ်းမပေါ် စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်တားမြစ်

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးမိတ် - မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မိုးကုတ် PDF...

အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...

Latest news