Tuesday, January 27, 2026

ဗုံးကြဲနေသည့်ကြားက မိုးကုတ် ကျပ်ပြင် ရဲစခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ကျပ်ပြင် ရဲစခန်းကို ယနေ့ (ဇွန် ၂၇ ရက်) ညနေပိုင်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။

TNLA-PDF ပူးပေါင်းတပ်များ မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ပန်းသပြေ၊ ရွှေသာယာ၊ ဖြူရောင်ကုန်း စသည့် စစ်တပ် စခန်းများကို ယမန်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် မြို့အနောက်ပိုင်းရှိ စစ်တပ် စခန်းများကို ယနေ့ နံနက်ပိုင်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျပ်ပြင်က မြို့အနောက်ဖက်၊ ခုရဲစခန်းသိမ်းလိုက်ပြီ ကြားတယ်။ မနေ့က မြို့အရှေ့ဘက်ကို သိပ်မပစ်ဘူး။ ဒီနေ့ကတော့ မြို့အရှေ့ဘက်ကော အနောက်ဘက်ကော ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ တစ်နေကုန်ပဲ။ အရှေ့ဘက်ခြမ်းမှာ အိမ်ပျက်စီးတာတွေရှိတယ်။ လူထိတာတွေလည်းရှိတယ်” ဟု မြို့ခံ တစ်ဦးက ယနေ့ အခြေအနေကို ရှင်းပြသည်။

TNLA ပူးပေါင်းတပ်များ မြို့တွင်းဝင်ရောက်နေပြီး စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်နေသောကြောင့် ရဲစခန်း သိမ်းပိုက်မှုနှင့် ပတ်သက်သည့် အခြေအနေ အသေးစိပ် သိရှိရန် ခက်ခဲနေကြောင်း မြို့ခံများက ဆိုသည်။

“အရှေ့ပိုင်းက အောင်ချမ်းသာဘက် လက်နက်ကြီးကျတာ အိမ်တွေထိတယ်။ အခုလည်း ဂျက်လေယာဥ်သံတွေ ကြားနေတယ်။ ဖုန်းက တယ်လီနော ရသေးတယ်” ဟု ယနေ့ ညနေပိုင်း အခြေအနေကို အခြားမြို့ခံ တစ်ဦးက ရှင်းပြသည်။

လက်ရှိ မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေကာ မိုးကုတ်-မန္တလေး ကားလမ်း ပိတ်နေသောကြောင့် တိမ်းရှောင်ရန် ခက်ခဲသဖြင့် မြို့ခံ အများအပြား မြို့တွင်း ပိတ်မိနေပြီး မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...