မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်နိုင်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

သျှမ်း-မန္တလေး နယ်စပ်ရှိ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်မှ စတင်ပြီး သျှမ်း-မန္တလေးအစပ် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မန္တလေး-PDF နှင့် မိုးကုတ်ဗျူဟာ တပ်ရင်းတို့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ဇွန်လ ၃၀ ရက် ညပိုင်းတွင် မိုးကုတ်မြို့ အနောက်ပိုင်းကို စတင်ထိန်းချုပ်နိုင်ခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့နယ်ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃) လက် သိမ်းဆည်းရမိပြီး ရဲ(၂)ဦး အပါအဝင် စစ်သုံ့ပန်း (၁၅) ဦး ဖမ်းဆီးရမိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မိုးကုတ်မြို့အနောက်ဘက် ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ပန်းသပြေ၊ ရွှေသာယာ၊ ဖြူရောင်ကုန်း စသည့် စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၆ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ကျပ်ပြင်ရဲစခန်းကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရသည့် ကြားထဲမှ ဇွန်လ ၂၇ ရက်တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း မိုးကုတ်မြို့ခံများက ပြောသည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအကြား အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ်များ လက်နက်ကြီးထိမှန် ပျက်စီးမှုများ ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

TNLA နှင့် PDF ပူးပေါင်းတပ်များ မြို့တွင်းဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဘက်က အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်လျက်ရှိကာ မြို့ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် မိုးကုတ်-မန္တလေး ကားလမ်း ပိတ်နေသောကြောင့် တိမ်းရှောင်ရန် ခက်ခဲသဖြင့် မြို့ခံ အများအပြား ပိတ်မိနေပြီး မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းမြောက်တွင် တိုက်ပွဲတစ်ဖန် ပြန်လည်ဖြစ်ပွားလာခြင်းနှင့် ဆက်စပ်၍ မန္တလေးတိုင်းထဲသို့ပါ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးအင်အားစုများ “ရှမ်းမန်း စစ်ဆင်ရေး”ဖြင့် ထိုးဖောက်ဝင်ရောက် စစ်ဆင်နေခြင်းဖြစ်ပြီး စစ်စခန်းအများအပြား သိမ်းပိုက်ထားနိုင်ကာ အောင်ပွဲများ ဆက်တိုက်ရရှိနေကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း TNLA တပ်ဖွဲ့နှင့်အတူ မန္တလေး-PDF ၊ မိုးကုတ်ဗျူဟာ (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄) တပ်ရင်းများလည်း ပူးပေါင်းပါဝင်ပြီး စစ်ဆင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...