စစ်ကောင်စီတပ်မှ လေကြောင်းအပြင် ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားအပါအဝင် TNLA တပ်သား ထိခိုက်ကျဆုံး

သျှမ်းပြည် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၉ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ကျောက်မဲနှင့် မိုးကုတ်မြို့နယ် အစပ်ရှိ တောင်နီကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၃) ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ဇွန်လ ၁၉ ရက် တစ်ရက်တည်းတွင် နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်ကျေးရွာအနီးရှိ TNLA စခန်းချနေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ TNLA တပ်သား (၂) ဦး အသက်ပေးလှူခဲ့ရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

“လက်ရှိစစ်ကောင်စီက သျှမ်းမြောက်မှာ လက်နက်ကြီးတွေ ပစ်ကူနေတာမျိုး၊ အထူးသဖြင့် ကျမတို့ စစ်လှုပ်ရှားရာ ဒေသတွေမှာ လက်နက်ကြီးပစ်ကူတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ အဲ့လိုတိုက်ခိုက်တဲ့အတွက်ကြောင့် ကျမတို့ဘက် ရဲဘော်တွေလည်း အသက်ဆုံးရှုံးမှုရှိသလို ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိပါတယ်”ဟု TNLA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲနှင့် မိုးကုတ်မြို့နယ် အစပ်ရှိ တောင်နီကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့စဉ် ပြည်သူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်ကျေးရွာအနီးရှိ TNLA စခန်းချနေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ TNLA တပ်သား (၂) ဦး ကျဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြေပြင်သတင်းသိရှိသည့် နောင်ချိုဒေသခံများက ပြောသည်။

“နောက်တစ်ခုက စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးတော့မှ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုတုန့်ပြန်သွားမလဲဆိုတာက ကျမလည်း မပြောတတ်ဘူး၊ ဒီဟာသည် အထက်က စီမံဆုံးဖြတ်ချက် ချမှပဲ ပြောလို့ရတဲ့အတွက်ကြောင့် အခုက ဘာမှလည်း ပြောလာတာ မရှိသေးပါဘူး”ဟု TNLA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချိုမြို့နယ်တွင် TNLA စခန်းချနေရာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သားများ ထိခိုက်ကျဆုံးမှုသည် ၂ ရက်ဆက်တိုက် ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ TNLA တပ်စခန်း တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် TNLA တပ်ဖွဲ့က ထိန်းချုပ်ထားသည့် မြို့များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများ ဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...