Tuesday, January 27, 2026

မိုးကုတ်

မိုးကုတ်မြို့ လက်ပစ်ဗုံးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့တွင် လူနေရပ်ကွက်အတွင်း လက်ပစ်ဗုံး ပစ်ခတ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ကားဂိတ်ဘက်တွင်...

မိုးကုတ် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံထပ်မံထွက်ပြေးရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ (၆) ရက်မှ စတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများကို TNLA ဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကာ မြို့စောင့်တပ် ဖွဲ့စည်းရန်နှင့် အသက် ၁၈ နှစ်မှ...

TNLA ထိန်းချုပ်သည့် နောင်ချို နှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေ 

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)  ထိန်းချုပ်သည့် ဒေသများကို စစ်ကောင်စီ က ယခုရက်ပိုင်း လေကြောင်းဗုံးကြဲမှု အပြင်းအထန် တိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိကြောင်း စုံစမ်းသိရသည်။  TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ ကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှစတင်ကာ လေကြောင်း ဗုံးကြဲမှု အပြင်းအထန်တိုက်ခိုက်ပြီး အရပ်သား ၂၀...

မိုးကုတ်မြို့ လူအိပ်ချိန် စစ်ကောင်စီ ဗုံးကြဲ ပြည်သူ ၆ ဦး သေဆုံး

မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။ TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်က...

မိုးကုတ်၊ မိုးမိတ် TNLA ထံ အခွန်မဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေး၊ ရွှေ(၁၀)ပိဿာ အခွန်ကိစ္စ ညှိနှိုင်းနေဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပေးဆောင်ရန် TNLA မှ မိုးကုတ်နှင့် မိုးမိတ်တကြောရှိ ရွှေမျှောပိုင်ရှင်များထံ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ ကောက်ခံခဲ့ရာ...

မိုးကုတ်၊ မိုးမိတ်ရှိ TNLA မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စကောက်၊ ရွှေလုပ်ကွက်များ တစ်နှစ်စာ ရွှေ(၁၀)ပိဿာ တောင်းခံဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ အခွန် စတင်ကောက်ခံနေပြီး ရွှေမျှောလုပ်ကွက်များကို တစ်နှစ်စာအတွက် ရွှေ(၁၀)ပိဿာ တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင် မိုးကုတ်မြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က...

ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီ ပိတ်ထားပြီး မိုးကုတ်ဒေသခံများ နောင်ချိုမှတဆင့် စစ်ဘေးရှောင်နေရ

သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ စစ်ဘေးရှောင်များသည် ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီတပ်မှ ပိတ်ထားခြင်းကြောင့် နောင်ချိုဘက်မှတဆင့် စစ်ဘေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်ပြီး ဖြတ်သန်းခွင့် မပေးတော့ကြောင်း...

မိုးကုတ်မြို့ စွန့်ခွာမှုဖြင့် မန္တလေး ဒုတိုင်းမှူး စစ်ခုံရုံးတင်ခံရ

မန္တလေးမြို့ နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-လပခ တာဝန်ယူကွက်ကဲသည့် မိုးကုတ်မြို့ တိုက်ပွဲ အတွင်းမှ ဦးဆောင် ဆုတ်ခွာခဲ့သော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင် ကို အမိန့် မနာခံမှုဖြင့် စစ်ခုံရုံးတင် စစ်ဆေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၇ ရက်) တွင်...

မိုးကုတ် လက်နက်ကြီးကြောင့် တစ်ရက်တည်း အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦး အပါအဝင် အရပ်သား (၇) ဦး သေဆုံး

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်ဖက်သက် အပစ်ရပ်ထားသည့် နောက်ဆုံးရက်တွင် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦးအပါအဝင် အရပ်သား (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၈...

မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီ လက်နက်ကြီးပစ် မိခင်နှင့်ကလေး ပွဲချင်းပြီး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉...

Latest news