မိုးကုတ်၊ မိုးမိတ် TNLA ထံ အခွန်မဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေး၊ ရွှေ(၁၀)ပိဿာ အခွန်ကိစ္စ ညှိနှိုင်းနေဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပေးဆောင်ရန် TNLA မှ မိုးကုတ်နှင့် မိုးမိတ်တကြောရှိ ရွှေမျှောပိုင်ရှင်များထံ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ ကောက်ခံခဲ့ရာ ခွဲတမ်းကျ သတ်မှတ်လိုက်သော်လည်း မြစ်ဆုံနှင့် မိုးဟောက်ရွှေတောဘက်မှ မျှောပိုင်ရှင်အချို့မှာ အခွန်မပေးဆောင်နိုင်ခြင်းကြောင့် မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“မျှောတွေကို ခွဲတမ်းတော့ ပစ်ထားပြီ၊ တချို့လည်း မပေးနိုင်လို့ မန္တလေးဘက်ကို ရှောင်ကြတယ်။ အခုလောလောဆယ်တော့ သူတို့ TNLA က ရက်ပြန်ဆုတ်ပေးတာပေါ့။ ရက်ထက်တိုးထားပေးတာ ဒီလကုန်အထိပဲ။ လုံးဝ မပေးနိုင်တဲ့လူကတော့ မျှောထဲကနေ စက်တွေထုတ်ပြီးတော့မှ အပြင်ထွက်နေပေါ့ အဲ့လို”ဟု မိုးမိတ်ဒေသခံ ရွှေမျှောလုပ်ကိုင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောပိုင်ရှင်များမှာ TNLA က ကောက်ခံသည့် ရွှေ(၁၀)ပိဿာကို ခွဲတမ်းချလိုက်သည့်အခါ မျှောပိုင်ရှင်တစ်ဦးလျှင် ရွှေတစ်ဆယ်သားခန့် ကျသင့်သော်လည်း လုပ်ငန်းမလည်ပတ်နိုင်ခြင်းကြောင့် မတတ်နိုင်ကြကြောင်း ရွှေမျှောပိုင်ရှင်များထံမှ သိရသည်။

လက်ရှိတွင် ၎င်းရွှေမျှောများ လည်ပတ်နိုင်ရန် ဒီဇယ်ဆီ အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရပြီး ရွှေခွန်ကိစ္စကို ပြန်လည်သတ်မှတ်ပေးရန် TNLA တပ်ဖွဲ့နှင့် ပြန်လည်ညှိနှိုင်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

ရွှေမျှောလုပ်ကွက်

“ဒီဇယ်မှ လောက်လောက်ငှငှ မရတာကိုး၊ ဒီနောက်ပိုင်းဆို ရေကလည်း ရှားတော့မှာလေ။ ဆီလည်း မရှိဘူး၊ ရေလည်း မရှိဘူးဆိုရင် ဒုက္ခရောက်မှာလေ။ ပေးကြေးကမ်းကြေးနဲ့ဆို မလွယ်ဘူး။ အဲ့တာ အခွန်ဈေးနှုန်းကို ပြန်သတ်မှတ်မှာလားတော့ မသိဘူး။ မလုပ်စားရတဲ့ အခါကျတော့လေ ဒီကတော့ အသနားခံစာလို ပုံစံမျိုးလည်း တင်နေကြတယ်”ဟု မိုးမိတ်ဒေသခံ ရွှေမျှောပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်မှ သျှမ်းပြည်မြောက်ပိုင်းသို့ စက်သုံးဆီ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး မတ္တရာနှင့် သပိတ်ကျင်းဘက်မှလည်း ဖြတ်သန်းခွင့်မပြုခြင်းကြောင့် မိုးကုတ်နှင့် မိုးမိတ်ဘက်တွင် ဒီဇယ်အခက်အခဲကြောင့် ရွှေမျှောများ လုပ်ငန်းမလည်ပတ်နိုင်ကြောင်း ၎င်းအမျိုးသားက ရှင်းပြသည်။

ရွှေမျှောလုပ်ကွက်

“အဓိက ဆီရရင် လုပ်နိုင်တယ်၊ ဆီက သျှမ်းမြောက်တကြော စစ်ကောင်စီက ပိတ်ထားတော့ မှောင်ခိုဈေးနဲ့ဆို အဆမတန် တက်တယ်လေ။ အလုပ်က မလုပ်ရတဲ့အခါကျတော့ လစဉ်ကြေးလို ပုံစံမျိုးနဲ့ ငွေနဲ့ ဖြတ်မယ်ပေါ့။ အဲ့လိုပုံစံတော့ ညှိနေကြတယ်။ သူက ရွှေကျတော့ တစ်နှစ်စာလေ၊ လစဉ်ကြေးကျတော့ လုပ်တဲ့လကို ငွေသတ်မှတ်ပြီးတော့ ငွေပေးမယ်ပေါ့”ဟု ၎င်းရွှေမျှောပိုင်ရှင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မိုးကုတ်၊ မိုးမိတ်ဘက်တွင် ရွှေကောက်သူ၊ ရွှေလှော်သူနှင့် ရွှေ့သန့်စင်ပေးသူ များကိုလည်း ရွှေမျှောပိုင်ရှင်များနည်းတူ TNLA မှ အခွန်ကောက်ခံနေခြင်းကြောင့် မန္တလေးမြို့ရှိ ရွှေပေါက်ဈေးနှင့် ဈေးအဆမတန် ခွာ၍ ရောင်းဝယ်နေရခြင်းကြောင့် တွက်ခြေမကိုက်ဘဲ လုပ်ငန်းရပ်နားထားရသည်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...