TNLA ထိန်းချုပ်သည့် နောင်ချို နှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေ 

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)  ထိန်းချုပ်သည့် ဒေသများကို စစ်ကောင်စီ က ယခုရက်ပိုင်း လေကြောင်းဗုံးကြဲမှု အပြင်းအထန် တိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိကြောင်း စုံစမ်းသိရသည်။ 

TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ ကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှစတင်ကာ လေကြောင်း ဗုံးကြဲမှု အပြင်းအထန်တိုက်ခိုက်ပြီး အရပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီ တပ်က မိုးကုတ်မြို့ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် အထက် လယ်ဦးရပ်ကွက် နှင့်အနောက်ပိုင်း မြို့ဦးလွင်အနီး တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း မိုးကုတ်ဒေသခံ များထံသိရသည်။ 

အလားတူ (နိုဝင်ဘာလ ၁၂ ရက်)တွေ့တွင်လည်း စစ်ကောင်စီက နောင်ချိုမြို့ရှိ မြို့မ‌ဈေးအနီးရှိ “လန်းဆန်း”လက်ဖက်ရည်ဆိုင် ကို  ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၁၁ ဦးထပ်မံသေဆုံးခဲ့သည်။ 

မိုးကုတ်စစ်ကောင်စီလေကြောင်းဗုံးကြဲ

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် နောင်ချိုမြိုကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ရက်အတွင်း သေဆုံးသူ ၂၀ ဦးထိရှိခဲ့ပြီး ကလေးအပါအဝင် ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိနေကြောင်း အသက် ၃၀ အရွယ်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နိုဝင်ဘာ ၁၁ ရက်နေ့က ဗုံးကြဲတာ။ ကျနော်တို့ အိမ်လည်းထိတယ်။အနောက်ပိုင်း နဲ့ အ‌ရှေ့ပိုင်းမှာရှိတဲ့ ရပ်ကွက်ပေါ်ကို သူတို့တွေက ညကြီး ဗုံးလာကြဲသွားတယ်။ သေတဲ့လူ ၉ ယောက်ရှိတယ်။ ကလေးတစ်ယောက် လည်း ထိတယ်။ တခြား လူကြီးတွေပါရင် ၁၂ ယောက် ၁၃ ယောက်လောက်ရှိမယ်။ နောင်ချိုမှာလည်း အများကြီး သေတယ် ကားသမားနဲ့ ခရီးသယ်တွေ။”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုများခဲ့သည့် အပြင် နေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က TNLA အပြီးသတ် သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခြင်းပဲ လေကြောင်းဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...