မိုးကုတ်၊ မိုးမိတ်ရှိ TNLA မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စကောက်၊ ရွှေလုပ်ကွက်များ တစ်နှစ်စာ ရွှေ(၁၀)ပိဿာ တောင်းခံဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ အခွန် စတင်ကောက်ခံနေပြီး ရွှေမျှောလုပ်ကွက်များကို တစ်နှစ်စာအတွက် ရွှေ(၁၀)ပိဿာ တောင်းခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင် မိုးကုတ်မြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်ပြီးနောက် TNLA ဦးဆောင်သည့် မြို့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းနောက် မိုးကုတ်နှင့် မိုးမိတ်မြို့တို့တွင် TNLA မှ ဦးဆောင်ဖွဲ့စည်းပေးခဲ့သည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ မြို့မိမြို့ဖများကို အစည်းအဝေးခေါ်ကာ အိုးအိမ်ခွန်၊ ယာဉ်ခွန် စသည့် စည်ပင်အခွန်များကို စက်တင်ဘာလမှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်ဟု ဒေသခံများက ပြောသည်။

“သူတို့က ဆိုင်ကယ်တစ်စီးကို ၅ သောင်းတဲ့။ အိမ်တစ်အိမ်ဆိုရင် နှစ်သိန်းတဲ့ တစ်နှစ်စာပေါ့နော် အဲ့လိုတော့ကောက်တယ်။ နောက်ပြီး ကွမ်းယာဆိုင်ဖွင့်ရင် သုံးသောင်းခွဲ၊ ကုန်စုံဆိုင်ကတော့ အကြီးအသေးပေါ် မူတည်ပြီးတော့ သုံးသိန်းခွဲကနေ စပြီးတော့ ဆယ်သိန်းအထိ ရှိတယ်။ အရင်လကမှ စာထွက်ပြီးတော့ ပေးရမယ်ဆိုတာ ဒီလကုန် ပေးရမှာ”ဟု မိုးမိတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မိုးကုတ်နှင့် မိုးမိတ်ရှိ ရွှေမျှောလုပ်ကွက် အားလုံးအတွက် တစ်နှစ်စာ မြေကြီးလုပ်စားခွင့် ဟု ဆိုကာ TNLA ဘက်မှ ရွှေ (၁၀) ပိဿာ တောင်းခံနေကြောင်း ရွှေမျှောလုပ်ကိုင်သူများထံမှ သိရသည်။

“မျှောတွေကတော့ မိုးမိတ်ဆိုရင် မြစ်ဆုံ၊ ရွှေတော၊ ဝဲပေါင်း၊ သစ်ဆိမ့်ကုန်း၊ မိုးဟောက် အဲ့ဒီနယ်တွေအကုန်လုံးကို စုပြီးတော့ ရွှေ(၁၀) ပိဿာ တစ်နှစ်စာ မြေကြီးမှာ လုပ်စားခွင့်ဆိုပြီးမှ အဲ့တာ TNLA က ကောက်တာ။ လုပ်ကွက်ပိုင်ရှင်နဲ့ ခေါင်းဆောင်ခေါ်ပြီးတော့ ရွှေ(၁၀)ပိဿာ တောင်းလိုက်တာ”ဟု မိုးမိတ်မြို့နယ်မှ ရွှေမျှောလုပ်ကိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တွင် TNLA မှ ဖွဲ့စည်းပေးသော မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စတင် ကောက်ခံနေခြင်းအပြင် ရွှေမျှောလုပ်ကွက်များကို မြေကြီးလုပ်စားခွင့်အဖြစ် ရွှေ(၁၀)ပိဿာ တောင်းခံသည့် ကိစ္စနှင့် ပတ်သက်ပြီး TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး လွေးယေဦးထံသို့ သျှမ်းသံတော်ဆင့်မှ စာပို့ မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ရွှေမျှောလုပ်ကွက်များအတွက် TNLA ဘက်မှ အခွန်တောင်းခံလာသည့် ရွှေ(၁၀)ပိဿာကို မြစ်ဆုံဘက်တွင် (၅) ပိဿာ၊ ဝဲပေါင်း၊ သစ်ဆိမ့်ကုန်းနှင့် မိုးဟောက်ဘက်တွင် (၅) ပိဿာ ခွဲတမ်းကျပြီး မျှောပိုင်ရှင်တစ်ဦးလျှင် ပျမ်းမျှ ရွှေ (၁၀) ကျပ်သားဝန်းကျင် မျှခံရမည်ဖြစ်ကြောင်း ရွှေမျှောလုပ်ကိုင်သူများက ဆိုသည်။

“မျှောပိုင်ရှင် တစ်ဦးကို ရွှေ တစ်ဆယ်သား ကျတယ် မျှလိုက်တာပေါ့။ အဲ့မှာ ဘက်ဖိုးသမား ကျတော့ သိန်း ၂၅၀ ၊ မျှောပိုင်ရှင်မှာ ဘက်ဖိုးရှိလည်း ပြန်ကောက်တယ်။ အလုပ်သမားရှိရင် ဧည့်စာရင်း တိုင်တဲ့ပုံစံမျိုး တစ်ဦးကို တစ်သောင်း၊ တစ်လချင်း အဲ့တာကျတော့။ မျှောကျင်းထဲမှာ စက်ချထားရင် ပေးရမှာ၊ ဆီမရှိလို့ မမောင်းနိုင်ရင် သူတို့မသိဘူး”ဟု ၎င်းရွှေမျှောလုပ်ကိုင်သူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့နယ်များတွင် ပေးဆောင်ရသည့် အခွန်အခ များမှာ ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့နယ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားနေကြောင်း ဒေသခံများက ပြောဆိုသည်။

“KIA ထိန်းချုပ်ထားတဲ့ မဘိမ်းကျတော့ TNLA လောက်တော့ မကောက်ဘူး။ မဘိမ်းကျတော့ နည်းတယ်၊ မိုးမိတ်အပိုင်ကတော့ ပေးရတဲ့ အခွန်နှုန်းထား များတယ်။ ပြည်သူကတော့ တိုက်ပွဲကြားလဲ အိမ်ဆုံးရှုံးတာ ရှိတော့ မပေးရရင်တော့ ကောင်းတာပေါ့။ အခွန်စည်းမျဉ်း တွေလည်း ရှုပ်တယ်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့တောင်းတာတွေက မတူဘူး”ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ တတိယပတ်အတွင်းက မိုးမိတ်နှင့် မဘိမ်းမြို့နယ်အကြားရှိ မြစ်ဆုံကျေးရွာတွင် TNLA တပ်ဖွဲ့၏ အခွန်ကောက်ခံမှုကြောင့် ဒေသခံများ ဆန္ဒပြခဲ့ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် မိုးကုတ်နှင့် မိုးမိတ်မြို့ပေါ် ရပ်ကွက်များအတွင်း TNLA ၏ ရဲတပ်ဖွဲ့များမှ အုပ်ချုပ်မှုအပိုင်း တာဝန်ယူထားပြီး မြို့ဧရိယာအပြင်ဘက်တွင် PDF တပ်ဖွဲ့များက တာဝန်ယူထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...