Tuesday, April 30, 2024

မိုင်းတုံမြို့နယ်

ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။ ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။ “အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက...

မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင်...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...

သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက...

မိုင်းတုံမြို့နယ် နားကောင်းမူး ပျံကျဈေးသည်များထံ ဈေးခွန်ပိုကောက်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးတွင် ပျံကျဈေးသည်များကို ယခင်ထက်ပိုပြီး အခွန်ကောက်ယူ သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နားကောင်းမူးဈေးတွင် စက်တင်ဘာ (၁) ရက်မှ စပြီး ပျံကျဈေးသည်များကို ယခင်ထက် (၂) ဆ ဆိုင်ခန်းခ အခွန်များကို ပိုကောက်ယူလာကြောင်း၊ ယခင်ကပျံကျဈေးသည်များအတွက် (၁၀) ဘတ် (မြန်မာငွေ ၅၀၀ကျပ်)...

မိုင်းတုံ WNP ပါတီဝင်တစ်ဦး CRPH နှင့် ပါဝင်ပတ်သက်ဟုဆိုပြီး စကစ အမှုဖွင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် “ဝ” အမျိုးသားပါတီ (WNP)မှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ်(ခ) ဆမ်မာကို့စ် ကို အာဏာသိမ်းစစ်ကောင်စီ က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ဒေါက်တာ အမ်ဇော်လတ်သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပါဝင်ပတ်သက်မှုရှိနေသည်...

မိုင်းတုံ အတွင်းရှိ Mytel တာဝါတိုင်များ ကာကွယ်ရန် စစ်ကောင်စီအင်အားထပ်တိုး

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ရှိ Mytel တာဝါတိုင်များကို ကာကွယ်ရန်အတွက် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဖြစ်သည့် စစ်တပ်နှင့် ရဲစခန်းတို့က အင်အားတိုးချဲ့နေကြောင်း သတင်း သိရသည်။ ယခုလ စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းအရှိ မိုင်းတုံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များကို သေနတ်ထုတ်ပေးကြောင်း နှင့်...

မိုင်းတုံမြို့နယ်ရှိ မဲရလဒ် တရားမျှတမှုမရှိသဖြင့် ပယ်ဖျက်ပေးရန် SNLD တောင်းဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ မဲရုံ အများစု ၏ မဲရလဒ်သည် တရားမျှတမှု မရှိသဖြင့် အားလုံး ပယ်ဖျက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သို့ SNLD ပါတီမှ တင်ပြတောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့သည် နည်းလမ်းတကျ...

မိုင်းတုံမြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ တိုကင်ဖြင့်မဲလာထည့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့ တွင် အသက် (၁၈) နှစ် မပြည့်သေးသည့်ကလေးငယ်များ တိုကင်ဖြင့် မဲလာထည့် ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့နယ် အတွင်းရှိ ဝမ်မိုင်ကျေးရွာ စာသင်ကျောင်း၊ နမ့်ယွန်းကျေးရွာ စာသင်ကျောင်းနှင့် နမ့်ဖိုင်ကျေးရွာ စာသင်ကျောင်း တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၈၀ရာခိုင်နှုန်းခန့် တိုကင်ကိုင်ဆောင်ပြီး...

RCSS/SSA အဖွဲ့ဝင် ၉ ဦး ထွက်ပြေး

RCSS/SSA ၏ တပ်ပြေး ၉ ဦး သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းသို့ ရောက်ရှိလာရာ အစိုးရတပ်မှ ထိန်းသိမ်းထားပြီး စစ်ဆေးမှုပြုနေကြောင်းစုံစမ်းသိရှိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင် ၉ ဦးသည် မေ ၉ ရက်တွင် မိုင်းတုံမြို့နယ်သို့ လက်နက်မဲ့ ဖြင့် ထွက်ပြေး...

Latest news