Tuesday, January 27, 2026

သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မလွန်ဆန်နိုင်လို့ လာရတာပါ၊ ကျနော်တို့ တစ်အိမ်ကို တစ်ယောက်လာရတယ်၊ ဒီနေ့အတွက် လူဉီးရေ ၁၀၀၀ ပြည့်ရမယ်ဆိုပြီးတော့ အမိန့်ကျလာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း ရွာသားတွေကို ပြန်ပြီး ဖိအားပေးတာ၊ မလာမနေရဆိုပြီးတော့” ဟု စစ်တပ်ထောက်ခံပွဲကို အလိုမတူပဲ တက်ရောက်ရသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် မိုင်းတုံမြို့မှ စစ်တပ်ထောက်ခံပွဲသို့ ပါဝင်ရသည့် ပြည်သူများသည် ပိုက်ဆံလည်း မရသလို၊ ထမင်းလည်း ကိုယ့်ပိုက်ဆံဖြင့်ကိုယ်ဝယ်စားရကြောင်း သတင်းသိရသည်။

မိုင်းတုံမြို့တွင်းကျင်းပသည့် စစ်တပ်ထောက်ခံပွဲသို့ ပါဝင်ရသည့် ပြည်သူအများစုသည် လားဟူ၊ လီဆူးနှင့် သျှမ်းတိုင်းရင်းသားများ ဖြစ်ကြပြီး စစ်တပ်ထဲမှ လူများက ဉီးဆောင်လုပ်သွားကြောင်း သတင်းသိရသည်။

“အများစုကတော့ တိုင်းရင်းသားတွေပေါ့၊ စစ်တပ်ထဲကလူတွေက ဉီးဆောင်ပြီး လုပ်သွားတာ၊ ကျနော်တို့ ပြည်သူအများစုကတော့ သူတို့ (တပ်ထဲကလူ) တွေနဲ့ ပြီးတဲ့အထိ မသွားဘူး၊ လမ်းတစ်ဝက်ရောက်တော့ အားလုံးလိုလို ရပ်လိုက်တာ၊ သူတို့တပ်ထဲကလူတွေပဲ ကျန်တယ်” ဟု မိုင်းတုံမြို့မှ အမျိုးသာတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် မိုင်းဖြတ်မြို့ တပ်ထဲနေ စစ်တပ် အမျိုးများကလည်း စုပေါင်းပြီး စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ထောက်ခံခြင်း အထိမ်းအမှတ်ပြုလုပ်ကြောင်း သတင်းသိရသည်။

“ဒီနေ့ မိုင်းဖြတ်မြို့မှာလည်း စစ်အာဏာသိမ်းမှု ထောက်ခံပွဲ ပြုလုပ်ပါတယ်၊ ဒါပေမဲ့ တပ်ထဲက လူတွေပဲ ပြုလုပ်တာပါ၊ ပြီးတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ပိတ်ရင် ဖမ်းမယ်လို့လည်း စစ်တပ်ကလူတွေ ပြောသွားတယ်” ဟု မိုင်းဖြတ်မြို့မှ ပြည်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ထောက်ခံပွဲကို သျှမ်းပြည်ထဲမှ မိုင်းတုံ၊ မိုင်းဖြတ်၊ လွိုင်လင်နှင့် တခြားသော မြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...