သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မလွန်ဆန်နိုင်လို့ လာရတာပါ၊ ကျနော်တို့ တစ်အိမ်ကို တစ်ယောက်လာရတယ်၊ ဒီနေ့အတွက် လူဉီးရေ ၁၀၀၀ ပြည့်ရမယ်ဆိုပြီးတော့ အမိန့်ကျလာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း ရွာသားတွေကို ပြန်ပြီး ဖိအားပေးတာ၊ မလာမနေရဆိုပြီးတော့” ဟု စစ်တပ်ထောက်ခံပွဲကို အလိုမတူပဲ တက်ရောက်ရသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် မိုင်းတုံမြို့မှ စစ်တပ်ထောက်ခံပွဲသို့ ပါဝင်ရသည့် ပြည်သူများသည် ပိုက်ဆံလည်း မရသလို၊ ထမင်းလည်း ကိုယ့်ပိုက်ဆံဖြင့်ကိုယ်ဝယ်စားရကြောင်း သတင်းသိရသည်။

မိုင်းတုံမြို့တွင်းကျင်းပသည့် စစ်တပ်ထောက်ခံပွဲသို့ ပါဝင်ရသည့် ပြည်သူအများစုသည် လားဟူ၊ လီဆူးနှင့် သျှမ်းတိုင်းရင်းသားများ ဖြစ်ကြပြီး စစ်တပ်ထဲမှ လူများက ဉီးဆောင်လုပ်သွားကြောင်း သတင်းသိရသည်။

“အများစုကတော့ တိုင်းရင်းသားတွေပေါ့၊ စစ်တပ်ထဲကလူတွေက ဉီးဆောင်ပြီး လုပ်သွားတာ၊ ကျနော်တို့ ပြည်သူအများစုကတော့ သူတို့ (တပ်ထဲကလူ) တွေနဲ့ ပြီးတဲ့အထိ မသွားဘူး၊ လမ်းတစ်ဝက်ရောက်တော့ အားလုံးလိုလို ရပ်လိုက်တာ၊ သူတို့တပ်ထဲကလူတွေပဲ ကျန်တယ်” ဟု မိုင်းတုံမြို့မှ အမျိုးသာတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် မိုင်းဖြတ်မြို့ တပ်ထဲနေ စစ်တပ် အမျိုးများကလည်း စုပေါင်းပြီး စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ထောက်ခံခြင်း အထိမ်းအမှတ်ပြုလုပ်ကြောင်း သတင်းသိရသည်။

“ဒီနေ့ မိုင်းဖြတ်မြို့မှာလည်း စစ်အာဏာသိမ်းမှု ထောက်ခံပွဲ ပြုလုပ်ပါတယ်၊ ဒါပေမဲ့ တပ်ထဲက လူတွေပဲ ပြုလုပ်တာပါ၊ ပြီးတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ပိတ်ရင် ဖမ်းမယ်လို့လည်း စစ်တပ်ကလူတွေ ပြောသွားတယ်” ဟု မိုင်းဖြတ်မြို့မှ ပြည်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ထောက်ခံပွဲကို သျှမ်းပြည်ထဲမှ မိုင်းတုံ၊ မိုင်းဖြတ်၊ လွိုင်လင်နှင့် တခြားသော မြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သျှမ်းရှေ့ သတ္တုကြောင့် မြစ်ရေအဆိပ်—ဂျပန်၊ သြစတြေးလျဖြေရှင်းပေးရန် ထိုင်းဖိတ်ခေါ်

0
မြန်မာနိုင်ငံ၊ သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ကြီးများအတွင်း အဆိပ်သင့် အာဆင်းနစ် (Arsenic) ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးမှူးများအဖြစ် ပါဝင်ရန် ထိုင်းအစိုးရက တိုက်တွန်းကြောင်း Thai PBS တွင်ဖော်ပြသည်။ ဧပြီလ ၂၀...