Wednesday, January 28, 2026

မိုင်းတုံမြို့နယ် နားကောင်းမူး ပျံကျဈေးသည်များထံ ဈေးခွန်ပိုကောက်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးတွင် ပျံကျဈေးသည်များကို ယခင်ထက်ပိုပြီး အခွန်ကောက်ယူ သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နားကောင်းမူးဈေးတွင် စက်တင်ဘာ (၁) ရက်မှ စပြီး ပျံကျဈေးသည်များကို ယခင်ထက် (၂) ဆ ဆိုင်ခန်းခ အခွန်များကို ပိုကောက်ယူလာကြောင်း၊ ယခင်ကပျံကျဈေးသည်များအတွက် (၁၀) ဘတ် (မြန်မာငွေ ၅၀၀ကျပ်) သာပေးရပြီး အာဏာသိမ်းပြီးနောက် ဘတ်(၃၀) မြန်မာငွေ (၁၅၀၀ကျပ်) ထိတိုးမြင့်ပေးလာရကြောင်း ဈေးသည်များထံ သိရသည်။

“ အရင်က ကျမတို့ (၁၀) ဘတ် ပဲပေးရတယ်။ အခုက ဘတ်( ၃၀) ပေးရမယ်တဲ့။ တစ်ချို့ရက်တွေက ဈေးသွားရောင်း တာတောင်း ဘာမှပြန်မရလာဘူး။ သူတို့ ဒီလို ဈေးမြင့်တက်ကောက်လာတော့ ကျမတို့ အတွက် ခက်ခဲလာတယ်” ဟု နားကောင်းမူးဈေးတွင် ဈေးသွားရောင်းသည့် အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ ဈေးမြင့်တက်ကောက်လာသောကြောင့် ပြည်သူများ တချို့က စားဝတ်နေရေးအတွက်ပါ ခက်ခဲလာကြောင်း၊ ရောင်းရသည့် ငွေကို အခွန်ပြန်ဆောင်ရသောကြောင့် တစ်ချို့ပြည်သူများ တနေရာကို နှစ်ယောက်ပေါင်းပြီး ဈေးထိုင်ရောင်းနေကြရကြောင်း သိရသည်။

“ ကျမတို့က အသီးအရွက်ပဲ ရောင်းတာလေ။ ဘာမှမမြတ်ဘူး။ တစ်ချို့ရက်တွေဆို မရောင်းရတာတွေလည်းရှိတယ်။ အခုက ရှာစားရတာလည်း ခက်တယ်။ စားဖို့သောက်ဖို့တောင်း မနည်းရှာစားရတာ။ တစ်ချို့ဆို တနေရာထဲမှာ ပေါင်းပြီးတော့ပဲ ရောင်းကြတာ” ဟု အထက်ပါ ဈေးသည် အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ဒဏ် နှင့် နိုင်ငံရေး‌ ရှုပ်ထွေးမှုဒဏ်ကြောင့် ပြည်သူများ တချို့ စားဝတ်နေရေး ခက်ခဲလာသောကြောင့် ဈေးဆိုင်ခန်းများကိုပါရောင်းချရပြီး စီးပွားရေး အခက်ကြုံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

နားကောင်းမူးတွင် လောင်းကစားဝိုင်းများ စတင်ပြုလုပ်လာ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။ ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။ ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက်...

ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။ ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။ “အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက...

မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင်...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...