မိုင်းတုံ အတွင်းရှိ Mytel တာဝါတိုင်များ ကာကွယ်ရန် စစ်ကောင်စီအင်အားထပ်တိုး

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ရှိ Mytel တာဝါတိုင်များကို ကာကွယ်ရန်အတွက် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဖြစ်သည့် စစ်တပ်နှင့် ရဲစခန်းတို့က အင်အားတိုးချဲ့နေကြောင်း သတင်း သိရသည်။

ယခုလ စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းအရှိ မိုင်းတုံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များကို သေနတ်ထုတ်ပေးကြောင်း နှင့် လုံခြုံရေး အတွက် ကင်းလှည့်နေသည့် အင်အားများလည်း ထပ်မံ တိုးချဲ့ထားကြောင်း မိုင်းတုံမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်ကလည်း ရံဖန်ရံခါ ကင်းလှည့်တာမျိုးလည်း ရှိပါတယ်၊ တစ်ခေါက်ပဲလှည့်တာပေါ့နော်၊ အခုတော့ အင်အားလည်းတိုးထားတယ်၊ ပြီးတော့ တစ်မြို့လုံးကို ပတ်တာ၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သေနတ်နဲ့ ကျည် တောင့်တွေ ပေးထားတာတွေရှိတယ်လို့လည်း ကြားရတယ်” ဟု လုံခြုံရေးအရ နာမည်မဖော်လိုသည့် မိုင်းတုံ မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့များကို သေနတ်များကျည်တောင့်များ ထုတ်ပေးခြင်းသည် PDF များလာရောက်တိုက်ခိုက် ပါ က အဆင်သင့်ဖြစ်ရန်အတွက်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များကို သေနတ်များထုတ်ပေးထားသည်ဟု ရဲစခန်း နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PDF တွေကို လာရင်လည်း တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်အောင်ဆိုပြီး သေနတ်ကိုထုတ်ပေးတယ်လို့ လည်း ကြားမိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ဖက်မှာက စစ်တပ်တွေ ဒီလောက်ပေါများပြီး တိုင်းရင်းသားလက် နက်ကိုင်တွေကလည်း ဒီလောက်များနေတာ PDF တွေနဲ့ တိုက်ပွဲဖြစ်ပေါ်လာဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး၊ သူတို့ ဖုန်းတိုင်ကို ကာကွယ်ချင်လို့ပဲ ဖြစ်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံနှင့် တဝှမ်းလုံး၌ စစ်တပ်တို့၏ ဆူပူအကြမ်း ဖက်များရှိနေသည့် အပြင် သျှမ်းပြည် အရှေ့ပိုင်းဖြစ်သည့် တာချီလိတ်နှင့် မိုင်းတုံကဲ့သို့ မြို့ကြီးများမှာလည်း ပြည်သူ့လုံခြုံရေးထက် ရဲစခန်း နှင့် စစ်တပ်လုံခြုံရေးကို အဓိကထား၍ လုပ်ဆောင်နေကြပြီး ညပိုင်းများတွင် လမ်းများပိတ်ခြင်း၊ လမ်းကြားများတွင် စစ်ဆေးခြင်းများ လုပ်ဆောင်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...