Tuesday, January 27, 2026

မန်ပန်ပြည်သူ့စစ်

သျှမ်းပြည် အလယ်ပိုင်း အွန်လိုင်း (ကျားဖြန့်) ဒေသခံမျိုးစုံပြဿာနာကြုံတွေ့နေရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အွန်လိုင်း (ကျားဖြန့်) ငွေလိမ်လည်မှုများပြားလာသည့်အတွက် ဒေသခံများ မျိုးစုံပြဿနာကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။  အွန်လိုင်း (ကျားဖြန့် )ငွေလိမ်လည်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနစ် အောက်တိုဘာလမှစတင်ကာ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ၊ ဝမ်လေကျေးရွာ နှင့် ဝမ်ဟိုင့်ကျေးရွာ တို့တွင် အခြေချလာသည်။ ထိုကျားဖြန့်လုပ်ငန်းကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းမြင့်တက်လာခြင်း၊ လူငယ်များနှင့် ဒေသခံများကို လစာများဖြင့်...

“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”

မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။  ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။  အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ  “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။ ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀...

မန်ပန်ပြည်သူ့စစ် ထိန်းချုပ်သည့် လဲချားမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်း ရွှေ့လာ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများရောက်ရှိနေပြီး ဒေသခံ လူငယ်များကို အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျားဖြန့် လုပ်ငန်းသည် လဲချားမြို့ နှင့် ၂၅မိုင်ခန့် ဝေးကွာသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာအနီးတဝှိက်တွင် တည်ရှိသည်။ ထိုကျားဖြန့် လုပ်ငန်းအတွက်လည်း မန်ပန် ပြည်သူ့စစ်က လုံခြုံရေး...

တန့်ယန်းမြို့နယ် လောင်ကစားဝိုင်းရက်ရှည်ဖွင့်လှစ် 

သျှမ်းပြည်၊ လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း လောင်းကစားဝိုင်း ရက်ရှည်ဖွင့်လှစ် ဆော့ကစားနေကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဆန်းပိုင်းမှ စတင်ကာ တရုတ်နှစ်သစ်ကူးကို အကြောင်းပြပြီး တန့်ယန်းမြို့၊ အမှတ် (၆) ရပ်ကွက် အတွင်း၌ လောင်းကစားဝိုင်းများကို ဖွင့်လှစ်ဆော့ကစားခဲ့ကြကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံမှု ရှိနေ

သျှမ်းပြည် အခြေစိုက် မန်ပန်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံမှု ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၇မှစတင်သည့် “1027” စစ်ဆင်းရေးကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့ကြာ စစ်ရေးတင်းမာလာပြီး၊ ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့သည် စစ်ကောင်စီ၏ တပ်စခန်း (၃၀၀)ကျော် သိမ်းပိုက်ခဲ့ပြီး...

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...

လဲချားမြို့နယ် မန်ပန်ပြည်သူ့စစ် အရာရှိ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း၌ မန်ပန်ပြည်သူ့စစ် အရာရှိ၏ ယာဥ်တန်းသည် မိုင်းဆွဲ တိုက်ခံရပြီး အရာရှိ တစ်ဦး အပါအဝင် ဒဏ်ရာရ၊ တပ်သား နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် လဲချားမြို့နယ်...

လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန် ပြည်သူ့စစ်တပ်ဖွဲ့ ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့နယ်စပ်ရှိ မိုင်းရယ်ဘက်ခြမ်း လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ကြိုးစားနေကြောင်း သတင်းသိရသည်။ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ဦးဆောင်ကာ ခဲသတ္တုတူးဖော်ရန် စီစဥ်နေသည့်နေရာသည် မိုင်းရယ်ဘက်ခြမ်းကျသည့် လွိုင်လိန်းတောင်ခြေအနီးတွင် ဖြစ်ပြီး လက်ရှိတွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ မန်အွယ်ရွာ တံတားကို ဖျက်ဆီးပြီး လမ်းများဖောက်လုပ်နေကြောင်း ဟိုယ...

မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန်...

မန်ပန်ပြည်သူ့စစ် တန့်ယန်းမြို့ပေါ်ရပ်ကွက်ထိ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အခြေစိုက် မန်ပန်ပြည်သူ့စစ်သည် တန့်ယန်းမြို့ပေါ် ရပ်ကွက် လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်သားများစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ မေ ၁၁ရက်တွင် မန်ပန်ပြည်သူ့စစ် က တန့်ယန်းမြို့ပေါ်ရှိ ရပ်ကွက်လူကြီးများကို အစည်းအဝေးခေါ်ယူပြီး တပ်သားစုဆောင်း ပေးရန် တောင်းဆိုခဲ့ကြောင်း၊ တပ်သားများ မပေးနိုင်ပါက တစ်ဦးလျှင် မြန်မာငွေကျပ် သိန်း...

Latest news