မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံမှု ရှိနေ

သျှမ်းပြည် အခြေစိုက် မန်ပန်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံမှု ရှိနေကြောင်း စုံစမ်းသိရသည်။

မန်ပန်ပြည်သူ့စစ်

သျှမ်းပြည် မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၇မှစတင်သည့် “1027” စစ်ဆင်းရေးကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့ကြာ စစ်ရေးတင်းမာလာပြီး၊ ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့သည် စစ်ကောင်စီ၏ တပ်စခန်း (၃၀၀)ကျော် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀၀၀)ကျော်သည် လက်နက်ချ အညံ့ခံခဲ့သည်။

ထိုထဲတွင် စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည်လည်း နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသို့ လက်နက်ချ ခိုလှုံမှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ နှင့် ၈ ရက်နေ့တို့တွင် လားရှိုးမြို့နယ် အတွင်း သွားလာလှုပ်ရှားသည့် မန်ပန်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်တချို့က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထံသို့ ဝင်ရောက်ခိုလှုံမှု ရှိနေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောက်ကိုင်တို့၊ ကွန်လုံတို့ ကျသွားပြီးတဲ့နောက် တန့်ယန်းတို့၊ လားရှိုးတို့ကိုလည်း ဝင်သိမ်းမယ်ဆိုပြီး သတင်း တွေ ထွက်ခဲ့တာလေ။ အဲ့တာကြောင့် ပြည်သူ့စစ် (မန်ပန်ပြည်သူ့စစ်)ကလည်း သူတို့ကို လာတိုက်မှာ ကြောက်လို့ ထင်တယ်။ အဲ့လို နီးစပ်ရာ၊ အဆင်ပြေရာကို လက်နက်ချပြီး ဝင်ရောက်ခိုလှုံကြတာ။ အင်အား အတိအကျတော့ မသိရသေးဘူး” ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ တခြားပြည်သူ့စစ် တပ်ဖွဲ့ဝင်များကလည်း နီးစပ်ရာ ၊ အဆင်ပြေရာ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ထံသို့ ခိုလှုံဝင်ရောက်မှု ရှိနေကြောင်းလည်း အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
အထက်ပါ ကိစ္စ ဖြစ်စဥ် နှင့် ပတ်သက်ပြီး (SSPP/SSA) နှင့် (TNLA) တို့၏ ပြောရေးဆိုခွင့်များထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများ၌ နှစ်ဖက်စစ်ရေး ပြင်းထန်နေလျက်ရှိပြီး နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ အရပ်သား ထိခိုက်သေဆုံးခြင်းများလည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...