Tuesday, January 27, 2026

မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန် ၂၀)ရက်တွင် တပ်ဆုတ်ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

“ မန်ပန်ပြည်သူစစ်က မိုင်းယော်မြို့အဝင်မှာရှိနေတယ်။ KIA က မန်ပန်ပြည်သူ့စစ်ကို တို့ကိုတပ်ဆုတ်ထားခိုင်းတာ (၂)ရက်တော့ရှိပြီ။ သူတို့ ဆုတ်သွားတာတော့ မရှိဘူး။ တပ်ကိုပိုပြီးခိုင်းမာအောင်လုပ်ထားတယ်။ သူတို့မဆုတ်ရင်တော့ စစ်ဖြစ်မလားမသိဘူး ” ဟု မိုင်းယော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

KIA တပ်မှ ညွှန်ကြားထားသော်လည်း မန်ပန်ပြည်သူ့စစ်တပ်အနေဖြင့် နောက်ဆုတ်ပေးခြင်းမရှိသည့်အပြင် တပ်စခန်းကို ပိုပြီး ခိုင်မာအောင် တည်ဆောက်တပ်စွဲထားသည့်အတွက် မိုင်းယော်တိုက်နယ်တွင်နေထိုင်သည့် ပြည်သူများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“ ကျနော်တို့တော့ စစ်ဖြစ်မှာကြောက်တာပေါ့။ စိုးရိမ်တယ်။ ညညဆို အိပ်တောင်းမပျော်ဘူး။ စစ်ဖြစ်ရင်ဘယ်ကိုထွက်ပြေးရမလဲမသိဘူး။ စစ်မဖြစ်စေချင်ဘူး” ဟု အထက်ပါ ဒေသခံ ကပြောသည်။

ထိုသို့ မန်ပန်ပြည်သူစစ်ကို တပ်ဆုတ်ခိုင်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး ကချင်တပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးက “ ကျနော် အဲ့သတင်းကတော့ မကြားပါဘူး။ ဒေသခံတွေကအထင်နေမှာပါ။ ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားတာတော့ မဖြစ်နိုင်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆက်လက်ပြီး လက်ရှိ မိုင်ယော်မြို့တွင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကိုးကန့် နှင့် တအောင်း(ပလောင်း)TNLA တပ်တို့ကပူးပေါင်းပြီး မိုင်ယော်မြို့ကို Lookdown လော့ဒေါင်းချလိုက်ပြီးဖြစ်ကြောင်းသိရသည်။

“ ကိုဗစ်ကြောင့်ဆိုပြီး မြို့ဝင်မြို့ထွက်တွေကိုပိတ်လိုက်ပြီး။ လားရှိုးကနေလည်း မိုင်ယော်ထဲဝင်လာလို့မရတော့ဘူး။ မိုင်းယော်ကနေလည်း ထွက်သွားလို့မရတော့ဘူး။ ကို့ကန်နဲ့ TNLA တို့က ပူးပေါင်းပြီးတော့ ပိတ်လိုက်တာ။ အဝင်အထွက်မပေးလုပ်တော့ဘူး။ ဒါမဲ့ ခြံတော့ သွားလို့ရတယ်။” ဟု မိုင်းယော်မြို့ ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် SSPP/SSA၊ TNLA ၊MNDAA၊ KIA ၊ စစ်ကောင်စီ နှင့် မန်ပန်ပြည်သူ့စစ်တို့ လှုပ်ရှားရာနေရာဒေသဖြစ်ပြီး၊ မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
MDY-PDF In Front of Mong Mit Signboard

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

0
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...

စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

0
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်ထဲမှ ဖားကန့်ပြည်သူ (၆)ဉီး သေဆုံး

0
စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်...